အင်းစိန်အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံ(၁)ပေါက်ပင်လမ်းမီးလောင်

ရန်ကုန် ဧပြီ ၂၅

အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံ(၁) ပေါက်ပင်လမ်း အိမ်အမှတ် (၈၈၂)တွင် ယနေ့နံနက် ၈နာရီ ၃၄မိနစ် က စတင်လောင်ကျွမ်းပြီးLevel (1)၊ အင်းစိန်၊ ရွှေပြည်သာ၊ မီးသတ်ယာဉ် ၁ဝ စီးဖြင့် ငြှိမ်းသတ်ရာ နံနက် ၈နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ပြီး ၈နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိမ်အမှတ် (၈၈၂) ထမင်းပေါင်းအိုးတည်ရာမှ မီးစတင် လောင်ကျွမ်းပြီး ပျဉ်ထောင်အိမ်သုံးလုံး၊ အုတ်ညှပ်အိမ်တစ်လုံး၊ နှစ်ထပ် အိမ်တစ်လုံး မီးလောင်ပြီး အိမ်ထောင်စုငါးစု၊ လူဦးရေ ၃ဝ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး ၄င်းတို့ကို အင်းစိန်အထက(၃)တွင် မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး ခလရ(၉ဝ)တပ်မှ ထမင်းထုပ်များဝေငှနေကြောင်း သိရသည်။

မျိုးသန့်(အင်းစိန်)
The Union Daily
https://www.facebook.com/uniondaily.net/
အင်းစိန်အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံ(၁)ပေါက်ပင်လမ်းမီးလောင် အင်းစိန်အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံ(၁)ပေါက်ပင်လမ်းမီးလောင် Reviewed by THITHTOOLWIN on 19:11 Rating: 5
Powered by Blogger.