သုဝဏ္ဏဝတီမြို့၌ ရေတွင်းထဲ ဆင်း၍ အမှိုက်များ ဆယ်ယူနေသူ လူတစ်ဦး ရေနစ် သေဆုံး


သုဝဏ္ဏဝတီမြို့ ဧပြီ ၂၅

မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက် ညောင်ကုန်းပိုင်း ဆေးရုံလမ်းအတွင်းရှိ အိမ်တစ်အိမ်၌ ဧပြီ ၂၅ ရက် နံနက် ၈ နာရီခွဲ အချိန်တွင် ရေတွင်းထဲ အမှိုက်များ ဆင်းဆယ်ယူသူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည် ။

သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းနိုင် နှင့် ရဲတပ်ဖွဲ့ဝင်များက အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆေးရုံလမ်း ညောင်ကုန်းပိုင်း သိမ်ဆိပ်ရပ်ကွက် အိမ်ရှေ့ရှိ ရေတွင်းအား အမှိုက်များ ဆယ်ယူရန် ကိုဝင်းကိုကို (အသက် -၃၂ နှစ်) ညောင်ကုန်းပိုင်း သိမ်ဆိပ်ရပ်ကွက် နှင့် ညီဝမ်းကွဲဖြစ်သူ မောင်သီဟဝင်း တို့က ဆယ်ယူနေစဉ် ကိုဝင်းကိုကို က တစ်ဦးတည်း ဆင်းသွား၍ အမှိုက်များကို ဆယ်ယူနေစဉ် မကြာခင်အတွင်း * မရတော့ဘူး * ဟု အပေါ်မှ စောင့်နေသူ မောင်သီဟဝင်း ကို အော်ပြော၍ ဘေးပတ်ဝန်းကျင်ကို အကူအညီ တောင်းခံ၍ အနီးအနား အိမ်တွင် အလုပ် လုပ်နေသူ ကိုသက်ပိုင်ထွေး က ဆင်းဆယ်၍ အနီးတွင်ရှိသော သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ တင်ပို့စဉ် လမ်းတွင် သေဆုံးသွားကြောင်း သိရသည် ။

အဆိုပါ အုတ်ရေတွင်းသည် အနက် -၂၈ ပေ ၊ အချင်း - ၆ ပေ ၊ ရေတွင်းရှိ ရေအနက် - ၄ ပေ ခန့်သာ ရှိကြောင်းသိရပြီး သိမ်ဆိပ်နယ်မြေရဲစခန်းမှ စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သုဝဏ္ဏဝတီမြို့၌ ရေတွင်းထဲ ဆင်း၍ အမှိုက်များ ဆယ်ယူနေသူ လူတစ်ဦး ရေနစ် သေဆုံး သုဝဏ္ဏဝတီမြို့၌ ရေတွင်းထဲ ဆင်း၍ အမှိုက်များ ဆယ်ယူနေသူ လူတစ်ဦး ရေနစ် သေဆုံး Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.