ထိန်ပင်အမှိုက်ပုံမီးကြောင့် (၂၀)ရပ်ကွက်မှာ သေဆုံးသူ (၄)ဦးရှိလာ


ထိန်ပင်အမှိုက်ပုံက ထွက်ရှိလာတဲ့ မီးခိုးငွေ့ဒဏ်ကြောင့် ဒီနေ့အထိ (၅)ရက်အတွင်း (၂၀)ရပ်ကွက်မှာ သေဆုံးသူ (၄)ဦးရှိလာပြီဖြစ်တယ်လို့ (၂၀)ရပ်ကွက် ရာအိမ်မှူး ဦးအောင်မျိုးဦးက ပြောပါတယ်။ အသက်(၆၀)၀န်းကျင် အမျိုးသမီး (၃)ဦးနဲ့ အမျိုးသား (၁)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

 သေဆုံးသူတွေဟာ ပန်းနာရင်ကြပ်၊ သွေးတိုးနဲ့ နှလုံးရောဂါအခံရှိသူတွေ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ မီးလောင်ရာနဲ့ နီးစပ်ရာနေရာတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မီးခိုးငွေ့မွှန်သူတွေကို ဆေးကုသမှုပေးနေပေမယ့် အခုသေဆုံးသူတွေ ကတော့ လာရောက်ပြသခြင်းမရှိဘဲ နေအိမ်တွေမှာပဲနေရင်း ကုသနေသူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။


 လက်ရှိမှာလည်း သက်ဆိုင်ရာကျန်းမာရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မီးခိုးငွေ့ဒဏ်ခံနေရသူတွေကို ကွင်းဆင်းပြီး ရှာဖွေကုသပေးနေတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး မီးခိုးငွေ့တွေများလာမယ်ဆိုရင် နီးစပ်ရာရပ်ကွက်တွေကို ရွှေ့ပြောင်းပြီး မီးခိုးရှောင်ကွင်းတွေလုပ်ဖို့ လျာထားတယ်လို့ ဦးအောင်မျိုးဦးက ပြောပါတယ်။

သတင်း - ခိုင်ဇင်သွယ်(5 Plus News)
https://www.facebook.com/5plusnews/
ထိန်ပင်အမှိုက်ပုံမီးကြောင့် (၂၀)ရပ်ကွက်မှာ သေဆုံးသူ (၄)ဦးရှိလာ ထိန်ပင်အမှိုက်ပုံမီးကြောင့် (၂၀)ရပ်ကွက်မှာ သေဆုံးသူ (၄)ဦးရှိလာ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.