သက်ငယ်မုဒိမ်း သေဒဏ်ပေးဖို့ အိန္ဒိယ စဉ်းစားနေ


အိန္ဒိယနိုင်ငံမှာ ခလေးငယ်တွေ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သူတွေကို သေဒါဏ် အပစ်ပေးဘို့ ဥပဒေကိုပြင်ဆင်ဘို့ရှိတယ်လို့ အာဏာပိုင်တွေက သောကြာနေ့ကပြောဆိုပါတယ်။

ဒီအမူဟာ၈နှစ်အရွယ် မွတ်စလင် ခလေးငယ်တဦးကို ဟန္ဒူအမျိုးသားတွေက ၀ိုင်းဖွဲ့ပြီး မုဒိမ်းကျင့် သတ်ဖြတ် ခဲ့တာကြောင့်ဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့်နိုင်ငံ အနှံဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အစိုးရက တရားရုံးချုပ်ကို ခလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားတာကို ကာကွယ်တဲ့ ဥပဒေကို ပြင်ဆင်ပြီး အမြင့်ဆုံးအပစ်ဒဏ်ချမှတ်ဘို့ စာပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကြားစာအရ အမြင့်ဆုံးအပစ်ဒါဏ်ဟာ သေဒါဏ်အထိအပစ်ပေးဘို့ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ သေဒါဏ်ကို အကြမ်းဖက်တိုက်ခိုက်မှုမျိုး အပြင် ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အမှုမျိုးတွေကိုသာပေးလေ့ရှိတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သက်ငယ်မုဒိမ်း သေဒဏ်ပေးဖို့ အိန္ဒိယ စဉ်းစားနေ သက်ငယ်မုဒိမ်း သေဒဏ်ပေးဖို့ အိန္ဒိယ စဉ်းစားနေ Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.