အမှုကို ရုပ်သိမ်းချိန်တန်ပြီလို့ ရိုက်တာအကြီးအကဲ ပြောကြား


ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လှို့ဝှက်စာရွက်စာတမ်းတွေပေးပြီး ထောင်ချောက်ဆင် ဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးခဲ့ကြောင်း ဒု ရဲမှူး မိုးရန်နိုင်က တရားရုံးမှာ မနေ့က ထွက်ဆိုခဲ့တဲ့ အတွက် အမှန်တရားပေါ်ပေါက်လာပြီ ဖြစ်တာကြောင့် ဒီအမှုကိုရုပ်သိမ်းချိန်တန်ပြီလို့ ရိုက်တာသတင်းဌာန ဥက္ကဌနဲ့ အယ်ဒီတာချုပ် Stephen Adler စတီဖန် အက်ဒ်လာ က ပြောကြားလိုက်ပါတယ်။

မြန်မာရဲတပ်ဖွဲ့ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး မျိုးသူစိုးကတော့ ဒုရဲမှူး မိုးရန်နိုင်ဟာ သူ့စိတ်ခံစားချက်အတိုင်း ပြောတာဖြစ်လို့ အမှန်တရားအဖြစ် မပြောနိုင်ကြောင်း ကျန်တဲ့ သက်သေတွေရဲ့ထွက်ဆိုချက်တွေကို ဆက်လက်ကြားနာဖို့လိုကြောင်း ပြောပါတယ်။ အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးကလည်း အမှုကို စစ်ဆေးဆဲဖြစ်ကြောင်းနဲ့ လွတ်လပ်စွာ စစ်ဆေးဆုံးဖြတ်ခွင်ြ့ပုထားကြောင်း ကတိပြုပြောကြားပါတယ်။

သတင်းထောက် ကိုဝလုံးက မနေ့က တရားရုံးအထွက်မှာ အခု အမှန်တရား ပေါ်ထွက်လာပါပြီ။ တရားမျှတမှုကို မကြာခင်မြင်တွေ့ရဖို့ ကျနော်မျှော်လင့်နေပါတယ်လို့ အော်ဟစ်ပြောကြားသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အမှုကို ရုပ်သိမ်းချိန်တန်ပြီလို့ ရိုက်တာအကြီးအကဲ ပြောကြား အမှုကို ရုပ်သိမ်းချိန်တန်ပြီလို့ ရိုက်တာအကြီးအကဲ ပြောကြား Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.