အိန္ဒိယကစတဲ့ ကုန်းတွင်းခရီးစဉ် အင်္ဂလန်ကို ဇွန်လဆန်းရောက်မယ်

Caravan ယာဉ်တန်း
အိန္ဒိယ ၊မြန်မာ ၊ထိုင်း ကနေပတ်ပြီး အင်္ဂလန်အထိ ကုန်းလမ်းက သွားမယ့် Caravan ယာဉ် တန်းဟာ မနေ့က ဧပြီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ မြ၀တီကနေ၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ရောက်လာပါတယ်။

Adventures Overland Road to London 2018 လို့နာမည်ပေးထားတဲ့ ဒီယာဉ်တန်းခရီးစဉ်မှာ အိန္ဒိယ အနှံ့က ကား ၁၅ စီးပါဝင်ပြီးတော့၊ လူပေါင်း ၂၉ ယောက် စီးနင်းလိုက်ပါ လာပါတယ်။

အဲဒီ အထဲမှာ အသက်အကြီးဆုံးက ၆၅ နှစ်ဖြစ်ပြီးတော့၊ အသက်အငယ်ဆုံးက အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေးဖြစ်ပါတယ်။

သူတို့ဟာ အိန္ဒိယ အပါအ၀င် ၊မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတွေကနေ၊ အာရှမိုင်းနား နိုင်ငံတွေကနေ တဆင့် ဥရောပ နိုင်ငံတွေကို ဖြတ်ပြီး အင်္ဂလန်အထိ နိုင်ငံပေါင်း ၁၈ နိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။

ခရီးစဉ်ကို အိန္ဒိယ နိုင်ငံတောင်ပိုင်း၊ တမီးလ် နာဒူး ပြည်နယ်ကနေ အခု ဧပြီလ ၁၅ နေ့ စထွက်ပြီး တော့၊ လန်ဒန်ကို ဇွန်လ ၂ ရက်နေ့ ရောက်မှာဖြစ်ပါတယ်။

ခရီးစဉ်မှာ ပါဝင်သူတွေဟာ လေယာဉ်နဲ့နိုင်ငံတကာကို ခရီးသွားဖူး သူတွေ ဖြစ်ကြပေမဲ့၊ အခုတော့၊ သူတို့ရဲ့ကားတွေကို၊ ကိုယ်တိုင်မောင်း၊ လမ်းတလျှောက်ကမြို့ရွာတွေ၊ ကွဲပြားတဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊မတူညီတဲ့ကိုးကွယ်မှု၊ ဘာသာစကား၊ စာပေ၊ အစားအသောက်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစနစ်စတာတွေကို လေ့လာခွင့်ရကြတယ်လို့ ဒီခရီးစဉ်ကို စီစဉ်သူ Sanjay Madan က ပြောပါတယ်။

မြန်မာနိုင်ငံကိုဖြတ်ပြီး၊ မဲဆောက်ကိုရောက်လာတော့၊ ဒီခရီးစဉ်မှာပါလာတဲ့ ကာလကတ္တား အခြေစိုက် ဒီဇိုင်းပညာရှင် Sumita Das ကတော့ သူမဟာ ဒီခရီးစဉ်နောက်ပိုင်းမှာ စီးပွားရေးအတွက် မြန်မာ နိုင်ငံကို ပြန်လာပြီး သူမဟာ အိန္ဒိယ နာဂဒေသကဖြစ်တာကြောင့်၊ သူ့ဒေသမှာ မျှစ်စားသလို မြန်မာနိုင်ငံမှာလည်း မျှစ်စားကြကာ အစားအသောက်တွေတူကြသလို ၊ သူမဟာဒီ ဇိုင်းပညာရှင်ဖြစ်တာ ကြောင့်၊ဒီဇိုင်းအနုပညာနဲ့ ပတ်သက်တဲ့ စီးပွားရေးကိစ္စအတွက် လေ့လာချင်တယ်လို့ ပြောသွားပါတယ်။

ဒီခရီးစဉ် အစအဆုံးအတွက် လူကြီးတယောက်ဟာ အိန္ဒိယ ရူပီးငွေ ၂ သန်းကုန်ကျပြီးတော့၊ ကလေး ငယ် အတွက်က ၁ သန်း ၄ သိန်း ကုန်ကျတယ်လို့ သိရပါတယ်။

သူတို့တွေဟာ ငွေနဲ့အချိန်ကိုရင်းပြီး ဂလိုဘလိုင်ဇေးရှင်းရဲ့ နိုင်ငံတကာအခင်းအကျင်းကို၊ ကိုယ်တိုင်၊ ကိုယ်ကျလေ့လာခွင့်ရလိုက်တာပဲလို့ ခရီးစဉ်မှာ ပါဝင်သူတွေ ကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အိန္ဒိယကစတဲ့ ကုန်းတွင်းခရီးစဉ် အင်္ဂလန်ကို ဇွန်လဆန်းရောက်မယ် အိန္ဒိယကစတဲ့ ကုန်းတွင်းခရီးစဉ် အင်္ဂလန်ကို ဇွန်လဆန်းရောက်မယ် Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.