နိုင်ငံသား အကျဉ်းသား/သူ (၈၄၉၀) ဦး လွတ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၇ /၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

REF: Myanmar President Office
နိုင်ငံသား အကျဉ်းသား/သူ (၈၄၉၀) ဦး လွတ် နိုင်ငံသား အကျဉ်းသား/သူ (၈၄၉၀) ဦး လွတ် Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.