နိုင်ငံခြားသား အကျဉ်းသား/သူ (၅၁) ဦး လွတ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၈ /၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်

မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံခြားသားအကျဉ်းသား/သူ (၅၁) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

REF:Myanmar President Office
နိုင်ငံခြားသား အကျဉ်းသား/သူ (၅၁) ဦး လွတ် နိုင်ငံခြားသား အကျဉ်းသား/သူ (၅၁) ဦး လွတ် Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.