ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) စည်းကမ်းချက်များကို ပယ်ဖျက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၁၆ / ၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၃ ရက်
(၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်)

နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုများတွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ခဲ့သည့်စည်းကမ်းချက်များကို ပယ်ဖျက်သည့်အမိန့်

နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမူအခွင့်အရေးကို ငဲ့ညာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ပယ်ဖျက်လိုက်သည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

REF: Myanmar President Office
ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) စည်းကမ်းချက်များကို ပယ်ဖျက် ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) စည်းကမ်းချက်များကို ပယ်ဖျက် Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.