ကညွတ်ကွင်းမြို့၊ သနပ်ကွင်းကျေးရွာတွင် ဈေးလာဝယ်သည့် လူသုံးဦးထံမှ တစ်သောင်းတန်ငွေစက္ကူ(၄၂)ရွက် ဖမ်းမိ


ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၊ သနပ်ကွင်းကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် ဧပြီ (၁၈)ရက် ည ၇း၃၀ နာရီခန့်က ဈေးလာဝယ်သည့် လူသုံးဦးထံမှ တစ်သောင်းတန်ငွေစက္ကူ (၄၂)ရွက်နှင့် အခြားဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကညွတ်ကွင်းမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ယင်းငွေစက္ကူ အတုဟုယူဆရသည့် စာရွက်များနှင့် ဆက်စပ်ပစ္စည်းများအား သက်သေခံအဖြစ်သိမ်းဆည်းထား ပြီး တရားမဝင်ငွေစက္ကူ ပြုလုပ်၍ အစစ်အမှန်အနေဖြင့်အသုံးပြု သုံးစွဲလက်ဝယ်ထားရှိသူများကို အမူဖွင့်အရေး ယူထားကြောင်း သိရသည်။

"ဈေးဆိုင်မှာ တစ်သောင်းတန်ငွေစက္ကူအတုနဲ့ လူသုံးယောက်ဈေးလာဝယ်တယ်။ သတင်းရတာနဲ့ စစ်ဆေးခဲ့ တာ အောင်မြင်မြို့က အုတ်ကွင်းအတွင်းက နေတဲ့အိမ်မှာ ငွေစက္ကူအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေပါ သိမ်းဆည်ရမိတယ်။ လက်ရှိ အမူဖွင့်အရေးယူထားပြီး ကျန်ရှိ ရဲလုပ်ငန်းတွေ ဆက်လုပ်ဆောင် သွားမှာပါ။" ဟု ကညွတ်ကွင်းမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် စန်းဦးက ပြောသည်။

သနပ်ကွင်းကျေးရွာရှိ ဈေးဆိုင်တွင် ငွေစက္ကူအတုဟုယူဆရသည့် ငွေစက္ကူ ၁၀၀၀၀ ကျပ်တန်ဖြင့် အမည်မသိ အမျိုးသား ၃ ဦး ဈေးလာဝယ်ကြောင်း သတင်းရ၍ ယင်းဈေးဆိုင်ရှေ့လမ်းပေါ်တွင် သွားရောက်စစ်ဆေးရာ DAYANG အမျိုးအစားအစိမ်းရောင် ဆိုင်ကယ်နှင့်အတူ ဖြိုးလင်း (၂၄)နှစ်၊ ဖြိုးအောင် (၂၅)နှစ်၊ ခင်မောင်မြင့် (၄၀)နှစ် မြောက်ပိုင်းရပ်ကွက် ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့နေထိုင်သူများကို ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှာဖွေရာတွင် ဖြိုးလင်းဝတ်ဆင်ထားသည့် ဂျင်းဘောင်ဘီယာဘက်အိတ်ကပ်အတွင်းမှ CN 3779601 နံပါတ်ပါ ငွေစက္ကူအတုဟု ယူဆရသော ၁၀၀၀၀ ကျပ်တန် (၁၅)ရွက်၊ CH 3363078 နံပါတ်ပါ ငွေစက္ကူ အတုဟုယူဆရ သည့် ၁၀၀၀၀ တန် (၁၄)ရွက်၊ CK 4066705 နံပါတ်ပါ ငွေစက္ကူ အတုဟုယူဆရသည့် ၁၀၀၀၀ တန် (၄)ရွက်၊ CG 2733221 နံပါတ်ပါ ငွေစက္ကူအတုဟုယူဆရသည့် ၁၀၀၀၀ တန် (၆)ရွက်၊ CN 5998724 နံပါတ်ပါ ငွေစက္ကူ အတုဟုယူဆရသည့် ၁၀၀၀၀ တန် (၁)ရွက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနောက် ဖြိုးအောင်အား ထပ်မံရှာဖွေရာ ယာဘက်အိပ်ကပ်တွင်းမှ CK 4066705 နံပါတ်ပါ ပြဲနေသည့် ငွေ စက္ကူအတု ဟုယူဆရသည့် ၁၀၀၀၀ ကျပ်တန် (၁)ရွက်၊ CN 3779601 နံပါတ်ပါ ပြဲနေသည့် ငွေစက္ကူ အတုဟု ယူဆရသည့် ၁၀၀၀၀ တန် (၁)ရွက်တို့ကို သက်သေများ ရှေ့တွင် စစ်ဆေးရာ ငွေစက္ကူများကို ဦးဘိုဘိုနိုင် ၃၇ နှစ် မြောက်ပိုင်းရပ် အောင်မြင်မြို့ နေသူ နေအိမ်ပေါ်မှ ယူလာခြင်းဖြစ်ကြောင်း ယင်းနေအိမ်တွင် ငွေစက္ကူအတု များထုတ်လုပ်သည်ဟုယူဆရသော စက်တစ်လုံးရှိကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ကညွတ်ကွင်းမြို့ နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

အဆိုပါ နေအိမ်အား ထပ်မံရှာဖွေစစ်ဆေးရာ အဖြူရောင် ကာလာ printet တစ်လုံး 12 V 70 AH ဘက္ထရီအိုး (၁)လုံး၊ 300 VA ဆိုလာ အင်ဗာတာ (၁)လုံး၊ အလျား (၂)ပေ၊ အနံ(၁)ပေ ဆိုလာပြား(၁)ချပ် printer တပ်ဆင် အသုံးပြုသည့် အနက်ရောင်ကြိုး တစ်ချောင်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရားမဝင်ငွေစက္ကူ ပြုလုပ်၍ အစစ်အမှန်အနေဖြင့် အသုံးပြုသုံးစွဲလက်ဝယ်ထားရှိသူ ဖြိုးလင်း၊ ဖြိုးအောင်၊ ဘိုဘိုနိုင်နှင့် ခင်မောင်မြင့်တို့ (၄)ဦးအား ကညွတ်ကွင်းမြို့နယ်မြေရဲတပ်ဖွဲ့စခန်းမှ (ပ)၇၆/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကညွတ်ကွင်းမြို့၊ သနပ်ကွင်းကျေးရွာတွင် ဈေးလာဝယ်သည့် လူသုံးဦးထံမှ တစ်သောင်းတန်ငွေစက္ကူ(၄၂)ရွက် ဖမ်းမိ ကညွတ်ကွင်းမြို့၊ သနပ်ကွင်းကျေးရွာတွင် ဈေးလာဝယ်သည့် လူသုံးဦးထံမှ တစ်သောင်းတန်ငွေစက္ကူ(၄၂)ရွက် ဖမ်းမိ Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.