ကချင်ပြည်နယ်အတွင်းရှိ ဘီးခွန်ဂိတ်များရုတ်သိမ်းလိုက်ပြီ

Photo by : U Naw Li (FB)
မြစ်ကြီးနား၊ ဧပြီ ၁၉

ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်နှင့် မြို့များတွင် ကောက်ခံလျက်ရှိ သည့် ဘီးခွန်ဂိတ်များကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဧပြီလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့သော ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ( ၁၃/၂၀၁၈ ) အရ ဖျက်သိမ်းရန်အတည်ပြုဆုံးဖြတ်ခဲ့ကြောင်းသိရပြီး ကချင်ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ရုံးက ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ ရက်စွဲပါ စာအမှတ် - ၁၅၀၃/ဃ-၂/ကခစ(၀၂၀) ဖြင့် သက် ဆိုင်ရာမြို့နယ်များသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


ဘတ်ဂျက်နှစ်အသစ် အပြောင်းအလဲမပြုလုပ်မီ ကြားကာလ (ဧပြီလမှ စက်တင်ဘာလကုန်အထိ) အ တွက် ခြောက်လစာလုပ်ကိုင်ခွင့် ပေးသွင်းထားသော လုပ်ငန်းအာမခံငွေ ၁၀ ရာခိုင်နှုန်းနှင့် လေလံအရစ်ကျပေး သွင်းငွေများကို လုပ်ငန်းရှင်များအား ပြန်လည်ထုတ်ပေးနိုင်ရေး ထပ်မံအကြောင်းကြားသွားမည်ဟု အဆိုပါအ ကြောင်းကြားစာတွင်ပါဝင်သည်။

လာမည့် ဘတ်ဂျက်နှစ်သစ်အတွက် ဆက်လက်ကောက်ခံမည်/ မကောက်ခံမည်ကိုမူမသိရသေးပေ။

ဇော်နိုင်ဦး
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ကချင်ပြည်နယ်အတွင်းရှိ ဘီးခွန်ဂိတ်များရုတ်သိမ်းလိုက်ပြီ ကချင်ပြည်နယ်အတွင်းရှိ ဘီးခွန်ဂိတ်များရုတ်သိမ်းလိုက်ပြီ Reviewed by THITHTOOLWIN on 13:10 Rating: 5
Powered by Blogger.