ရသေ့တောင်မြို့မစခန်းမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး


နိရဉ္စရာ၊ ဧပြီ ၁၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မ စခန်းမှူး ရဲအုပ် ဦးသိန်းရွှေသည် ယနေ့ ညနေ ၃ နာရီက သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

“ ဟုတ်ပါတယ်။ ဖြစ်စဉ်က မှန်ပါတယ်။ ရေကောင်းချောင်း ကျေးရွာအလွန်က စမ်းချောင်းအနီးမှာ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ နဖူးတည့်တည့်ဝင်ပြီး ဦးခေါင်းနောက်ဘက်က ထွက်သွားတယ်လို့ သိရပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောကြားသည်။

၎င်းစခန်းမှူးနှင့် အဖွဲ့သည် မူးယစ်ဆေးဝါးများ သယ်ယူမည်ဟု သတင်းအရ ကားဖြင့် လိုက်လာစဉ် စခန်းမှူးဦးသိန်းရွှေအား အနီးကပ် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ကြားသိရသည်ဟု သူက ပြောသည်။

“ ကျွန်တော်တို့လည်း သွားကြည်လို့ မရဘူး။ ကျည်ဆံခွန်တွေတွေ့တယ်ဆိုတာတော့ တပ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရပါတယ်။ အခု တပ်လည်း ရောက်နေပြီး နေရာယူထားပါတယ်” ဟု သူက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်နှင့် အတည်ပြုချက် ရရှိအောင် ရသေ့တောင် ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရသေးပါ။

ယခု အခင်းဖြစ်ပွားရာနေရာသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းရဲစခန်းအပိုင် ရေကောင်းချောင်း ကျေးရွာအနီးတွ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Narinjara
https://www.facebook.com/Narinjara
ရသေ့တောင်မြို့မစခန်းမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး ရသေ့တောင်မြို့မစခန်းမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.