ကျွန်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီး


ကျွန်းလှ ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်လှကျေးရွာတွင် ဧပြီ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က လေပြင်းတိုက်ခတ်၍ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။


ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝင်းရှိ ထူပါရုံ စေတီတော်နှင့် အရံစေတီတော်သုံးဆူ ထီးတော် မြေခခြင်း၊ ဓမ္မာရုံ အမိုးတစ်ခြမ်း လန်ခြင်း၊ လျှပ်စစ် ဓာတ်တိုင်(၆)တိုင် ပြိုလဲခြင်း၊ လူနေအိမ်(၁၀၀)ခန့် သက်ငယ်ပျစ်နှင့် သွပ်မိုးများ ပျက်စီးပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူတို့က ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ