ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ရောင်းချမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စံချိန်မီတစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။

စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသော ဆင်ပုံများ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများဝယ်ယူမှု များပြားသော တစ်မတ်သားရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်းထုတ်ဝေမည်ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်မတ်သားရွှေဒင်္ဂါး၏ အချင်း မှာ ၁၈ ဒသမ ဝ မီလီမီတာ၊ အထူမှာ ၁ ဒသမ ဝ မီလီမီတာ ရှိသည်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံနှင့်ပုံ၏အောက်တွင် ဗကညှါညေ အမည်ပါရှိသည်။ ဒင်္ဂါး၏ အနားပတ်လည်တွင် “Central Bank of Myanmar”၊ “4.082 gm 999.9 Fine Gold” ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး အခြားတစ်ဖက်မျက်နှာပြင်တွင် ''မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ ၁ မတ်သား၊ ၉၉၉.၉ သန့်စင်ရွှေ'' ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

တစ်မတ်သားရွှေဒင်္ဂါးဝယ်ယူသည့် အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်သွန်းလောင်း သည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံ ချက်များ တစ်ပေါင်းတည်းပါရှိမည်ဖြစ်သည်။

တစ်မတ်သား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်း ဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ၁၂၅ဝဝ ကျပ် ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ရောင်းချမည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ရောင်းချမည် Reviewed by THITHTOOLWIN on 13:25 Rating: 5
Powered by Blogger.