ဒို့ ညီနောင် ခရီးသည်တင်ယာဉ်မှ ဟွန်ဒါဖက်ယာဉ်အား နောက်မှဝင်တိုက် ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၁၅/၄-၅)ကြား၌ ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၄၀  မိနစ်ခန့် က ဒို့ ညီနောင် ခရီးသည်တင်ယာဉ်မှ ဟွန်ဒါဖက်ယာဉ်အား နောက်မှဝင်ရောက် တိုက်မိမှု ကြောင့် ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး ဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ၀၇၄၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၁၅/၄-၅)ကြား၌ ဝင်းထွန်း(၄၃)နှစ် မောင်းနှင်လာသည့် 5I/×××× ဒို့ညီနောင် ခရီးသည်တင် မှန်လုံယာဉ်သည် ဦးအုန်းလွင်(၅၅)နှစ်မောင်းနှင်ပြီး ဒေါ်ထွေးညို(၄၅)နှစ်လိုက်ပါလာသည့် 1G/×××× ဟွန်ဒါဖစ် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှ ဝင်ရောက်တိုက်မိခဲ့ရာ ဒေါ်ထွေးညိုတွင် နှာခေါင်း သွေးထွက်၊ နှုတ်ခမ်းပေါက်ပြဲ၊ ယာပေါင်ကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပါသည်။

 ဦးအုန်းလွင်တွင် နဖူးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ယာဉ်မောင်း ဝင်းထွန်း(ဖမ်းမိ)အား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းယာဉ်(ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ဒို့ ညီနောင် ခရီးသည်တင်ယာဉ်မှ ဟွန်ဒါဖက်ယာဉ်အား နောက်မှဝင်တိုက် ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ ဒို့ ညီနောင် ခရီးသည်တင်ယာဉ်မှ ဟွန်ဒါဖက်ယာဉ်အား နောက်မှဝင်တိုက် ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 13:37 Rating: 5
Powered by Blogger.