လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးတွေ့ရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ မိုင်းတွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်စစ်ဆေးပြီး သက်မဲ့ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

 မူဆယ်မြို့နယ် တုံကန်ရွာ၏ မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာ ကားလမ်းဘေး ကမ်းပါးယံစောင်း၌ အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးအား တွေ့ရှိခဲ့ပြီး ဒေသခံ ပြည်သူများ အန္တရာယ် မရှိစေရေးအတွက် သက်မဲ့ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးတွေ့ရှိ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးဘေး၌ ရှေ့ထွက်ရီမုမိုင်း နှစ်လုံးတွေ့ရှိ Reviewed by THITHTOOLWIN on 12:42 Rating: 5
Powered by Blogger.