ဝက်သက်ရောဂါ အလွယ်တကူ စမ်းသပ်နိုင်ပြီ


အပေါစားကရိယာလေးတခုကို သုံးပြီး ၀က်သက်နဲ့ ဂျိုက်သိုးရောဂါမျိုးတွေကို စမ်းသပ်နိုင်တယ်လို့ အမေရိကန်နိုင်ငံက သုတေသနပညာရှင်တွေကပြောဆိုပါတယ်။ ဒီကရိယာမျိုးတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံတွေအသုံးပြုနေတာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။
အသုံးပြုတဲ့ ကရိယာဟာ Measle-Rubella Box(MR box) လို့ အမည်ပေးထားတဲ့ ကရိယာဖြစ်ပြီး တပေပတ်လည်သာသာရှိတဲ့ သေတ္တာလေးတလုံးဖြစ်ပါတယ်။ ခလေးကို သွေးဖေါက်ယူပြီး ၃၅မိနစ်အတွင်း ရောဂါရှိမရှိအဖြေရရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ ၀က်သက်ရောဂါကြောင့် တနှစ်ကို ခလေး တသိန်းခွဲနီးပါးနဲ့ ဂျိုက်သိုးခေါ် ၀က်သက်အပျော့စားရောဂါကြောင့် ခလေးငယ် တသိန်း နှစ်စဉ် သေဆုံးရတာဖြစ်ပါတယ်။

ဒီကရိယာကို ကင်ညာနိုင်ငံမှာ ရှိတဲ့ ဒုက္ခသည်စခန်းတခုမှာ ပညာရှင်တွေက ခလေးငယ် ၁၄၄ဦးကို စမ်းသပ်တာဖြစ်ပြီး အကျိုးတစုံတရာ တွေ့ရှိတယ်လို့ အမေရိကန်နိုင်ငံ ကူုးစက်ရောဂါထိမ်းသိမ်းရေး ဌာနက ပညာရှင်ကပြောပါတယ်။

စမ်းသပ်မှုရလဒ်တွေကို ထိတ်တန်းဓါတ်ခွဲခန်း တွေမှာပြန်လည် စမ်းသတ်တဲ့ အခါ ၀က်သက်ရောဂါတွက် ၈၆%နဲ့ ဂျိုက်သိုးအတွက် ၉၁% တိုက်ဆိုင်တာ တွေ့ရှိရပါတယ်။ ဒီကရိယာကို သုံးတဲ့ အတွက် စမ်းသပ်တဲ့ ခလေးတဦးအတွက်အမေရိကန် ဒေါ်လာ ၆ဒေါ်လာဘဲကုန်ကျတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဝက်သက်ရောဂါ အလွယ်တကူ စမ်းသပ်နိုင်ပြီ ဝက်သက်ရောဂါ အလွယ်တကူ စမ်းသပ်နိုင်ပြီ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.