နိုင်ငံခြားမြုပ်နှံမှု ကျဆင်း


မြန်မာနိုင်ငံမှာ ဒုတိယနှစ်အဖြစ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကျဆင်းလျက်ရှိနေပါတယ်။ အခုနှစ်မတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၄%ကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၅.၇ဘီလျံအထိကျသွားတာဖြစ်တယ်လို့ စာရင်းဇယားတွေအရသိရပါတယ်။

ကျဆင်းသွားတဲ့ ရင်းနှီးမြုပ်နှံမှုများထဲမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ဒေါ်လာ သန်း၉၀၀၊ လျှပ်စစ်ဓါတ်အား ကဏ္ဍမှာ ၅၅%ဖြစ်ပြီး ဟိုတယ်နဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းမှာ ၅၆%တို့ဖြစ်ကြပါတယ်။

အခုလိုကျဆင်းသွားတာတွေဟာ ပြီးခဲ့တဲ့နှစ်သြဂုတ်လကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ပျက်မှုတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့ ပြောနိုင်ပေမဲ့ တိုက်ရိုက်အဆက်အစပ်ကိုတော့ ပြောဆိုနိုင်ခြင်းမရှိလို့သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံခြားမြုပ်နှံမှု ကျဆင်း နိုင်ငံခြားမြုပ်နှံမှု ကျဆင်း Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.