NVC ကဒ်ဖြင့် တနိုင်ငံလုံးသွားလာနိုင်သည်​မှာ မဟုတ်​ဟု လ၀က၀န်​ကြီး​ပြော


နေပြည်​​တော်​၊ ဧပြီ ၂၆၊ ၂၀၁၈။

NVC ကဒ်ဖြင့် တနိုင်ငံလုံးသွားလာနိုင်သည်​ဟု ​ရေးသား​ဖော်​ပြ​နေကြသည်​မှာ နားလည်မှုလွဲမှားပြီး မှားယွင်းစွာ ဖော်ပြခြင်းသာဖြစ်ကြောင်း အလုပ်သမားလူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

“ဒီ NVC ကိုင်ရုံနဲ့ နိုင်ငံအတွင်း ကြိုက်တဲ့နေရာသွားခွင့်ရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ခွင့်လည်း မပြုနိုင်ပါဘူး။ ပြီးတော့ ပုံစံ ၄ ဖြည့်ရတယ်ဆိုတာ ပုံစံ ၄ ဖြည့်ပြီးမှပဲ နိုင်ငံသား ဘယ်အဆင့်ရမယ်ဆိုတာ နိုင်ငံသားမှတ်ပုံတင်လျှောက်ရမှာပါ။ ခိုင်ခိုင်မာမာပြောချင်ပါတယ်။ NVC ထုတ်ပေးစဉ်ကတည်းက အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေနဲ့ ကန့်သတ်ချက်အတိုင်း ဖြစ်ပါတယ်။ အခုအစိုးရအနေနဲ့ ပိုပြီးတော့ ဖြေလျော့ပေးတာ၊ မီဒီယာတွေမှာရေးနေသလို ဒီလက်မှတ်လေးရရုံနဲ့ ကြိုက်တဲ့နေရာကို သွားခွင့်ပြုတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဦးသိန်းဆွေက ပြောသည်။

NVC ကဒ်သည် နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံယူရမည့် သူများအတွက် ထုတ်ပေးခြင်းဖြစ်သာဖြစ် ပြီး ၎င်း တို့အနေဖြင့်လည်း ပုံစံ ၄ ဖြည့်ကာ စာရွက်စာတမ်းအထောက်အထားများနှင့် ပြသနိုင်မှသာ ချမှတ်လုပ်ငန်းစဉ်များအတိုင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်မှ တဆင့် ဗဟိုအဆင့်က စီစစ်မှုများပြုလုပ်ကာ ရသင့် ရတိုက်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် စသည်ဖြင့် ဥပဒေနှင့် အညီ ရရှိမှာဖြစ် ကြောင်း ဦးသိန်းဆွေက ပြောသည်။

၎င်း ကဒ် လျှောက်ထားသူများအနေဖြင့်လည်း လျှောက်ထားတိုင်း နိုင်ငံသားဖြစ်ခွင့်ရရှိမှာ မဟုတ်ပဲ ၁၉၈၂ ခုနှစ် ဥပဒေနှင့် အညီ ဆောင်ရွက်သွားမှာဖြစ်ခြင်းကြောင့် ပြည်သူများ စိုးရိမ်မရှိစေရန်လည်း ဦးသိန်းဆွေမှ ပြောသည်။

ဦးသိန်းဆွေမှ ဧပြီလ ၂၅ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ သည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲ အပြီး NVC ကဒ်ဖြင့် တနိုင်ငံလုံးသွားလာခွင့်ပြုသည်ဟု သတင်းများထွက်ပေါ်နေမှုအပေါ် သတင်း မီဒီယာများ မေးမြန်းမှုအား အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar
NVC ကဒ်ဖြင့် တနိုင်ငံလုံးသွားလာနိုင်သည်​မှာ မဟုတ်​ဟု လ၀က၀န်​ကြီး​ပြော NVC ကဒ်ဖြင့် တနိုင်ငံလုံးသွားလာနိုင်သည်​မှာ မဟုတ်​ဟု လ၀က၀န်​ကြီး​ပြော Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.