ရှေ့မှမောင်းနှင်နေသည့် ထော်လာဂျီယာဉ်အား နောက်မှဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေ၊ (၁၆)ဦးဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၂၂

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း ဝါးဘိုးချောင်းကျေးရွာအနီး၌ ပင်ကွန်းကျေးရွာမှ ရွှေကျောင်းဘုန်းကြီး ကျောင်းသို့ ပင်လည်ဘူးမြို့၊ မြို့မရပ်ကွက်နေ ဟန်ထွန်း(၄၂)နှစ်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် နောင်တောကျေးရွာနေ ဒေါ်အုန်းစိန်(၆၉)နှစ်ပါ(၁၀)ဦးလိုက်ပါလာသည့် ၉ဌ/×××× ထော်လာဂျီ ယာဉ်သည် လားရာတူရှေ့မှ မြို့မရပ်ကွက်နေ စိန်မြင့်အောင်(၁၉)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ပင်လည်ဘူးမြို့၊ ပင်ကွန်းကျေးရွာနေ ဒေါ်တင်ကြည်(၆၁)နှစ်ပါ(၁၀)ဦး လိုက်ပါလာသည့် ထော်လာဂျီယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့သဖြင့် (၄)ဦးသေ၊ (၁၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်ပါသည်။


 ဟန်ထွန်း မောင်းနှင်သော ထော်လာဂျီယာဉ်သည် လမ်းယာဘက် အနက် ၃၀ ပေခန့် ချောက်ထဲသို့ လည်းကောင်း၊ စိန်မြင့်အောင် မောင်းနှင်သော ထော်လာဂျီယာဉ်သည် လမ်းဝဲဘက် အနက် ၁၅ ပေခန့်ရှိချောက်ထဲသို့လည်းကောင်း ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ၉ဌ/×××× ထော်လာဂျီယာဉ်ပေါ်မှ ဒေါ်အုန်းစိန် ပါမ (၄)ဦး တွင် ဦးခေါင်း၊ နဖူးပေါက်ပြဲ၊ ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် သေဆုံး သွားပြီး နောင်တောကျေးရွာနေ ဒေါ်မိသန်း(၅၄)နှစ်ပါ(၆)ဦးနှင့် အခြားထော်လာဂျီယာဉ်ပေါ်ပါ ဒေါ်တင်ကြည် ပါ(၁၀)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဟန်ထွန်း အား ပင်လည်ဘူးမြို့မရဲစခန်းယာဉ်(ပ)၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ရှေ့မှမောင်းနှင်နေသည့် ထော်လာဂျီယာဉ်အား နောက်မှဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေ၊ (၁၆)ဦးဒဏ်ရာရ ရှေ့မှမောင်းနှင်နေသည့် ထော်လာဂျီယာဉ်အား နောက်မှဝင်ရောက်တိုက်မိသဖြင့် (၄)ဦးသေ၊ (၁၆)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.