အန်အဲလ်ဒီ ပါတီညီလာခံမှာ စီအီးစီ ရွေးချယ်မှု မပါ

တချို့ ကိုယ်စားလှယ် တွေဟာ ပါတီနိုင်ငံရေး လုပ်ဆောင်ရာမှာ အခက် အခဲ ရှိနေ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ပါတီ ညီလာခံမှာ ဗဟိုကော်မတီ ရွေးချယ်ရေးပဲ လုပ်မှာ ဖြစ်ပြီး၊ ဗဟိုအလုပ် အမှုဆောင် စီအီးစီ အဖွဲ့ ရွေးချယ် တင်မြှောက် တာတော့ လုပ်မှာ မဟုတ်ဘူးလို့ အန်အဲလ်ဒီ ဗဟို အလုပ်မှု ဆောင် အဖွဲ့ဝင် ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့် က ပြောပါတယ်။

စီအီးစီ အဖွဲ့ ကို ပြန်လည် ရွေးချယ် ထားပြီ ဖြစ်တဲ့ အတွက် အခုလို ရွေးဖို့ မလိုတော့တာလို့ ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ အန်အဲလ်ဒီ ပါတီရဲ့ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေးမှာ အခုလို ဆုံး ဖြတ်လိုက်တာ ဖြစ်ပြီး ဒုတိယ အကြိမ် ဖြစ်မယ့် ဒီပါတီ ညီလာခံကို တော့ လာမယ့် ဇွန်လ ထဲမှာ ကျင်းပဖို့ ရှိတယ်လို့ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

ဒီ စီအီးစီ အစည်း အဝေးဟာ အန်အဲလ်ဒီ အစိုးရ တက်လာပြီး ၂ နှစ် အကြာ သမ္မတ သစ် အပြောင်း အလဲ လုပ်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ကျင်းပတဲ့ အစည်း အဝေးလည်း ဖြစ်ပါတယ်။

သမ္မတသစ် ဦးဝင်းမြင့် ကလည်း ပြုပြင် ပြောင်းလဲ မှုတွေ အင်နဲ့ အားနဲ့ လုပ်ဖို့ တိုင်းပြည်ကို မိန့်ခွန်း ပြောကြား ထားတာ ဖြစ်တဲ့ အတွက် အခု အစည်း အဝေးမှာ တိုင်းနဲ့ ပြည်နယ် က အလုပ် အမှုဆောင် အဖွဲ့ တွေကလည်း တတ်နိုင်တဲ့ ဘက်က ပါဝင် ဖို့ ဆွေးနွေး ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး အန်အဲလ်ဒီ လွှတ်တော်ကိုယ်စားလှယ် တချို့ နုတ်ထွက်ခိုင်း ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အပေါ် ဒေါက်တာ မျိုးညွန့် ပြောတာ က၊ တချို့ ကိုယ်စားလှယ် တွေဟာ ပါတီနိုင်ငံရေး လုပ်ဆောင်ရာမှာ အခက် အခဲ ရှိနေတဲ့ အတွက် ဒါကို ပြန်လည် စိစစ်ပြီး လိုအပ်တဲ့ ဆောင်ရွက် မှုတွေ လုပ်သွားမယ်လို့ ဘီဘီစီကို ပြောကြားပါတယ်။

BBC Burmese
http://www.bbc.com/burmese
အန်အဲလ်ဒီ ပါတီညီလာခံမှာ စီအီးစီ ရွေးချယ်မှု မပါ အန်အဲလ်ဒီ ပါတီညီလာခံမှာ စီအီးစီ ရွေးချယ်မှု မပါ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.