Air China လေကြောင်းက လေယာဉ် လုံခြုံရေးပြဿနာကြောင့် အရေးပေါ် ဆင်းသက်


တရုတ်ပြည် အလယ်ပိုင်းမှာ Air China လေကြောင်းက လေယာဉ်တစ်စီး လုံခြုံရေးပြဿနာတရပ်နဲ့ မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရပြီး အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ AP သတင်းတရပ်က ဖော်ပြပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းက ဟူနန်ပြည်နယ် ချန်ရှားမြို့နေ ဘေဂျင်းကို ထွက်ခွာလာခဲ့တဲ့လေယာဉ်မှာ ခရီးသည် အမျိုးသားတစ်ဦးက ဖေါင်တိန်တစ်ချောင်းကို လက်နက်အဖြစ် အသုံးပြုပြီး လေယာဉ်ဝန်ထမ်းတစ်ဦးကို ဓါးစာခံအဖြစ် ခြိမ်းခြောက်ခဲ့တယ်လို့ တရုတ် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။

လေယာဉ်ဟာ ဂျင်ကျိုးမြို့ လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပြီး၊ ခရီးသည်တွေလည်း လေယာဉ်ပေါ်ကနေ ဆင်းခဲ့ကြရပါတယ်။

ဒီပြဿနာကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့တယ်လို့ အရပ်ဘက်လေကြောင်းအာဏာပိုင် အဖွဲ့က ပြောပေမယ့် အသေးစိတ် မသိရသေးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/
Air China လေကြောင်းက လေယာဉ် လုံခြုံရေးပြဿနာကြောင့် အရေးပေါ် ဆင်းသက် Air China လေကြောင်းက လေယာဉ် လုံခြုံရေးပြဿနာကြောင့် အရေးပေါ် ဆင်းသက် Reviewed by THITHTOOLWIN on 10:17 Rating: 5
Powered by Blogger.