ကျည်ဆံခွံကို လက်ကောက်လုပ်ဝတ်၍ ရဲဖမ်း


ရန်ကုန် ၊ ဧပြီ ၁၅ ၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်တွင် ယမ်းမပါသည့် ကျည်ဆံထပ်ဖူး(၁၅)တောင့်အား သံကွင်းများဖြင့်ချိတ်ဆက်၍ လက်ကောက်ပုံသဏ္ဍန် ဝင်ဆင်အသုံးပြုသူ တစ်ဦးအား အောင်မြေသာစံ မြို့မ ရဲစခန်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်ရှိ MBA LASVEGAS ရေကစားမဏ္ဍပ် လုံခြုံရေးတာဝန်ကျ ရဲအုပ် မောင်မောင်ဆွေ ဦးစီးအဖွဲ့သည် မဏ္ဍပ်ရှေ့၌ ရောက်ရှိနေသည့် ပြင်ဦးလွင်မြို့နယ်၊ ဖောင်းတောရွာနေ ကျော်ကျော်ဝင်း (၄၅)နှစ်၏ ဝဲလက်ကောက်ဝတ်တွင် သံကွင်းများဖြင့် ချိတ်ဆက် လျက် လက်ကောက်ပုံသဏ္ဍာန်ဝတ်ဆင်ထားသည့် အသုံးပြုပြီး ယမ်းမပါ ကျည်ဆန် ၁၅ တောင့် (ထိပ်ဖူးပါ)၊ ဘောင်းဘီခါးပတ်နှင့် တွဲလျက် အသုံးပြုပြီး ယမ်းမပါ ကျည်ဆန် ၅ တောင့်(ထိပ်ဖူးပါ) တို့အား မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တွေ့ရှိသိမ်းဆည်းခဲ့သည်။

ထိုသို့ ကျည်ဆံခွံများကို လက်ကောက် လုပ်၍ ၀တ်ဆင်ခဲ့သော
ကျော်ကျော်ဝင်းအား အောင်မြေသာစံမြို့မရဲစခန်းတွင် အရေးယူ ဆောင်ရွက်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးမှ သတင်း ရရှိသည်။

ဓာတ်ပုံ - ရဲဇာနည်
Thein Hlaing
ကျည်ဆံခွံကို လက်ကောက်လုပ်ဝတ်၍ ရဲဖမ်း ကျည်ဆံခွံကို လက်ကောက်လုပ်ဝတ်၍ ရဲဖမ်း Reviewed by THITHTOOLWIN on 10:27 Rating: 5
Powered by Blogger.