ပန်ကွတ်ရွာတွင် TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွား ဒေသခံများ မန်ဟောင်ကျောင်းသို့ တိမ်းရှောင်ရ

Photo : Mai Tun Aye (Ntu Youth)
၂ဝ၁၈ မတ် ၁၀ | မားနဂါး | နမ္မတူ။

မတ်လ ၁၀ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်တွင် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် ပန်ကွတ်ရွာအနီးတွင် TNLA နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာဘေးနားတွင် လက်နက်ကြီးများကျရောက်ကာ စိုးရိမ်ရသဖြင့် မန်စံ မန်ဟောင်ကျောင်းတိုက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


ကျေးရွာလူထုများ ထိခိုက်မှုမရှိသော်လည်း ထွက်ပြေးရန် နောက်ကျကျန်ခဲ့သည့်ဒေသခံများအချို့ ပိတ်မိကျန်နေခဲ့သည်ဟု နမ္မတူလူငယ်အဖွဲ့ တစ်ဦးထံမှသိရသည်။

နမ္မတူ တအာင်းလူငယ်တစ်ဦး မိုင်းထွန်းအေးက "တိုက်ပွဲက ၁၁ နာရီကတည်းက ငြိမ်သွားပြီး ဒါပေမဲ့ မန်ဟောင်ကျောင်းမှာရောက်နေတဲ့လူတွေကတော့ မပြန်သေးဘူး ရွာမှာဘာဖြစ်လဲ မသိသေးဘူး အဆက်အသွယ်မရဘူး" ဟု ပြောသည်။

မိုင်းအတ္တ
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ပန်ကွတ်ရွာတွင် TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွား ဒေသခံများ မန်ဟောင်ကျောင်းသို့ တိမ်းရှောင်ရ ပန်ကွတ်ရွာတွင် TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွား ဒေသခံများ မန်ဟောင်ကျောင်းသို့ တိမ်းရှောင်ရ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.