ချမ်းမြသာစည်မြို့နယ်တွင် အုပ်စုဖွဲ့ရမ်းကားနေသူများအား ဖမ်းဆီးထိန်းသိမ်း


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မြို့သစ်အမှတ်(၄)ရပ်ကွက်တွင် မတ် ၈ ရက်၊ ည(၁၀း၀၀) နာရီခန့်က လူငယ်တစ်စုက လမ်းသွားလမ်းလာများကို တုတ်ဖြင့်ရိုက်နှက်ခဲ့မှုကို မတ်လ ၉ ရက်က အမှတ်(၁၁)နယ်မြေ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရှိရသည်။

လူငယ်(၅)ဦးသည် မြို့သစ်အမှတ်(၄)ရပ်ကွက်၊ (၆၂)လမ်းနှင့် စိန်ခြယ်လမ်းကြားရှိ မှောင်ရိပ်ကျနေသည့် သစ် ပင်အောက်တွင်ထိုင်ကာ လမ်းသွားလမ်းလာများကို ဆဲဆိုရန်စခြင်းများပြုလုပ်၍ စိန်ခေါ်ပြီးနောက် ရပ်ကွက်နေ လူငယ်များကို ရိုက်နှက်ခဲ့ရာ မောင်ဝေလင်းစိုးဆိုသူမှာ ညာဘက်လက်ဖျံရိုးတစ်ချောင်းကျိုးသွားပြီး ဆိုင်ကယ် များလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။


၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးနိင်ရေးအတွက် ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စံသူ၏ လမ်းညွှန်ချက်နှင့် အညီ ချမ်းမြသာစည်မြို့နယ်အမှတ်(၁၁)နယ်မြေရဲစခန်းမှူး ဒုရဲမှူးဇော်နိုင်ဦးဆောင်ပြီး နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းဝင်းနှင့် နယ်ထိန်းအဖွဲ့များ ပူးပေါင်းရှာဖွေခဲ့ရာ မတ်လ ၈ ရက် ညဥ့်နက်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။

အုပ်စုဖွဲ့ရမ်းကားသူများဖြစ်သည့် ထက်အောင်ကျော်၊ ထက်အောင်ဇော်၊ ချစ်ကို၊ ခန့်ရှိန်းသာနှင့် မျိုးသီဟဇော်ဆို သူ(၅)ဦးအား ရိုက်နှက်ခံရသူ မောင်ဝေလင်းစိုးက မတ် ၉ ရက်၊ ညပိုင်းက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် အမှတ် (၁၁)နယ်မြေရဲစခန်းက (ပ)၁၁၀/ ၂၀၁၈၊ ပုဒ်မ ၄၄၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ချမ်းမြသာစည်မြို့နယ်တွင် အုပ်စုဖွဲ့ရမ်းကားနေသူများအား ဖမ်းဆီးထိန်းသိမ်း ချမ်းမြသာစည်မြို့နယ်တွင် အုပ်စုဖွဲ့ရမ်းကားနေသူများအား ဖမ်းဆီးထိန်းသိမ်း Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.