ကုမ္ပဏီထုတ်ကားငယ်များကို မြန်မာဈေးကွက်သို့ တင်ပို့ရန်Tata ကုမ္ပဏီစီစဉ်နေ


ရန်ကုန် မတ် ၁၈

အိန္ဒိယအင်အားကြီးကားထုတ် လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သောTata သည် ကုမ္ပဏီထုတ်ကား ငယ်များကို မြန်မာဈေးကွက်သို့ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်းထုတ်ပြန်သည်။
Tata ကုမ္ပဏီသည် မြန်မာ နိုင်ငံ၌မော်တော်ယာဉ်အစိတ်အပိုင်း များစုစည်းတပ်ဆင်သည့်စက်ရုံ တည်ဆောက်ထားပြီးဖြစ်သော် လည်းဈေးကွက်ဝယ်လိုအားအခြေ အနေအရကုမ္ပဏီမှထုတ်လုပ်သော ကားငယ်များကို မြန်မာဈေးကွက် သို့ တင်ပို့ရောင်းချရန်စီစဉ်လာ ခြင်းဖြစ်သည်။

 မြန်မာဈေးကွက် တွင်ရောင်းချရန် စီစဉ်နေသော ကားအမျိုးအစားများမှာTata Ace ဟု အမည်ပေးထားသော ကားငယ်များဖြစ်သည်။ အိန္ဒိယ ဈေးကွက်တွင်လည်းTata Ace သည် ဈေးကွက်ဝေစုခိုင်ခိုင်မာမာ ရရှိထားသောကားအမျိုးအစားဖြစ် သည်။ လူဦးရေနည်းပါးသော မိသားစုများအတွက် သင့်လျော် သည့်ကားအမျိုးအစားဖြစ်သည့် အပြင် ဈေးနှုန်းပိုင်းတွင်လည်း အားသာချက်များ ရှိမည်ဖြစ်သော ကြောင့် မြန်မာဈေးကွက်သို့တင် ပို့ရောင်းချရန် စီစဉ်နေခြင်းဖြစ် ကြောင်းTata မှပြောရေးဆိုခွင့် ရှိသူတစ်ဦးကပြောသည်။

မြန်မာဈေးကွက်သို့ တင်ပို့ ရောင်းချရန်စီစဉ်ရာတွင်ဈေးနှုန်း ပိုင်းတွင် အားသာချက်ပိုရှိစေရန် အတွက် အိန္ဒိယနိုင်ငံအတွင်း၌ ထုတ်လုပ်သည့် Tata Ace ကား အမျိုးအစားများကို တင်ပို့ရောင်း ချမည်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း၌ တပ်ဆင်ထုတ်လုပ် သည့်ကားအမျိုးအစားများကို တင်ပို့ရောင်းချရန်စီစဉ်နေကြောင်း လည်း အတည်ပြုထားသည်။

NG
The Union Daily
https://www.facebook.com/uniondaily.net
ကုမ္ပဏီထုတ်ကားငယ်များကို မြန်မာဈေးကွက်သို့ တင်ပို့ရန်Tata ကုမ္ပဏီစီစဉ်နေ ကုမ္ပဏီထုတ်ကားငယ်များကို မြန်မာဈေးကွက်သို့ တင်ပို့ရန်Tata ကုမ္ပဏီစီစဉ်နေ Reviewed by THITHTOOLWIN on 19:48 Rating: 5
Powered by Blogger.