ပြန်လည်လက်ခံရေးအစီအစဉ် အဟန့်အတားဖြစ်နေကြောင်း ၀န်ကြီးပြော

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်/ Photo: Min Thein Aung/ RFA
ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်တွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း မြန်မာအစိုးရက ဆောင်ရွက်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက်အတိုင်း ဆောင်ရွက်တာ မရှိတဲ့အတွက် အဟန့်အတားတွေ ဖြစ်နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။

မောင်တောဒေသအရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဒီနေ့မနက်က တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

တစ်ဘက်နိုင်ငံကနေ ပြန်လာမယ့်သူတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ ဟုတ် မဟုတ်ဆိုတာကို ကွန်ပျူတာ စနစ်တွေသုံးပြီး တိတိကျကျဖြစ်အောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ယုံကြည်မှုရှိဖို့ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနဲ့ ပြည်ထောင်စုအစိုးရ UEHRD ကော်မတီညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက် တို့ ဦးဆောင်ပြီး ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ပြန်လည်လက်ခံရေးအစီအစဉ် အဟန့်အတားဖြစ်နေကြောင်း ၀န်ကြီးပြော ပြန်လည်လက်ခံရေးအစီအစဉ် အဟန့်အတားဖြစ်နေကြောင်း ၀န်ကြီးပြော Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.