ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ကားမီးလောင်မှုဖြစ်ပွား


ရန်ကုန် မတ် ၁၈

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၁)ရပ်ကွက် ပညာရေး(၁)လမ်း ဘေးတွင် ယနေ့ နံနက် ၇ နာရီ မိနစ် ၅ဝတွင် ရပ်ထားသော YBS ၈၄ ယာဉ်လိုင်းမှ ယာဉ်အမှတ် 7G/------ မီနီဘတ်(စ်) ငှက်ပျောညွန့် ရောင်ယာဉ်မှာ ယာဉ်မောင်းဦးမျိုး ဟန်(၃၈နှစ်) ရတနာပုံလမ်း (၅၃) ရပ်ကွက် ဒဂုံတောင်မှ ကားစက်နှိုး စဉ် ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း မီးလောင်ရာ သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင် သိန်းအေးဦးစီးသည့် ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းထိုက်အောင်ပါ ၁ဝ ဦး၊ မီးသတ်ယာဉ်တစ်စီးတို့ ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြိမ်းသွားခဲ့ ကြောင်း၊ မီးလောင်မှုကြောင့် ကား တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး မှာ ကျပ်သိန်း ၄ဝ ခန့်ဖြစ်ကြောင်းနှင့် လူထိခိုက်ဒဏ် ရာရရှိမှု မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်း မှ တာဝန်မှူး ဒုရဲအုပ်မှ တရား လိုပြုလုပ်၍ မီးပေါ့ဆသုံးစွဲသူ ယာဉ်မောင်းဦး မျိုးဟန်အား ပြစ်မှု အမှတ်စဉ် (ပ) ၆၁၁/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မောင်နီ(ဒဂုံတောင်)
The Union Daily
https://www.facebook.com/uniondaily.net

ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ကားမီးလောင်မှုဖြစ်ပွား ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ကားမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.