ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို အစစ်ဆေးခံဖို့ ဗြိတိန်တိုက်တွန်း


ဖေ့စ်ဘွတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို စုံစမ်းစစ်ဆေးရာမှာ သက်သေထွက်ဆိုဖို့အတွက် ဗြိတိသျှပါလီမန်က ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို တောင်းဆိုလိုက်ပါတယ်။

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ်အနိုင်ရဖို့အတွက် UK အခြေစိုက် ကိန်းဘရစ်ခ်ျ အနလက်တီကာ (Cambridge Analytica) ဆိုတဲ့ ကုမ္ပဏီက ဖေ့စ်ဘွတ်ကိုတရားမဝင် အသုံးပြုခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးနောက် အခုလိုတောင်းဆိုခဲ့တာပါ။ အဲဒီကုမ္ပဏီဟာ ဖေ့စ်ဘွတ်က လူ သန်း ၅၀ ကျော်ရဲ့အကောင့်တွေက သတင်းအချက်အလက်တွေကို မလျော်ကန်တဲ့နည်းနဲ့ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

UK ပါလီမန်မီဒီယာကော်မတီရဲ့ဥက္ကဌ ဒါမိန်းကော်လင်းစ် Damian Collins က သူ့ကော်မီတီဟာ ဖေ့စ်ဘွတ်ကို data အချက်အလက်တွေ ဘယ်လိုအသုံးပြုသလဲ ထပ်ကာထပ်ကာမေးခဲ့ပေမဲ့ ဖေ့စ်ဘွတ်အာဏာပိုင်တွေက အမှန်မဖြေခဲ့ဘူးလို့ ဆိုပါတယ်။

ကုမ္ပဏီတွေဟာ ဖေ့စ်ဘွတ်က အကောင့်ပိုင်ရှင်တွေရဲ့ အချက်အလက်တွေကိုယူပြီး သူတို့ရောင်းချချင်တဲ့ပစ္စည်းတွေ ရောင်းချလို့ရအောင် ဆွဲဆောင်ကြော်ငြာကြတာဖြစ်ပါတယ်။

ကိန်းဘရစ်ခ်ျ အနလက်တီကာ (Cambridge Analytica) ကုမ္ပဏီကတော့ အကောင့်ပိုင်ရှင်တွေရဲ့ အချက်အလက်တွေကိုယူပြီး စိတ်ပိုင်းဆိုင်ရာဆွဲဆောင်မှုနဲ့ မဲဆွယ်ခဲ့တာဖြစ်တယ်လို့ အဲဒီကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ဖူးသူ ခရစ်စ်ဝိုင်လီဆိုသူက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို အစစ်ဆေးခံဖို့ ဗြိတိန်တိုက်တွန်း ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို အစစ်ဆေးခံဖို့ ဗြိတိန်တိုက်တွန်း Reviewed by THITHTOOLWIN on 10:16 Rating: 5
Powered by Blogger.