ခိုကိုးရာမဲ့ နိုင်ကျဉ်းဟောင်းတွေအတွက် အိုးအိမ်နေရာဖန်တီးဖို့ ကြိုးစားနေ

5 J - CLUB နိုင်ငံရေးအကျဉ်းသားဟောင်း သူငယ်ချင်းများ စုံညီတွေ့ဆုံပွဲ
ခိုကိုးရာမဲ့ ဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတွက် တိုက်ကြီးမြို့နယ်ထဲ အိုးအိမ် အတည်တကျ နေရာတခု ဖန်တီး ပေးနိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်း တချို့ စုပေါင်း ကြိုးစားနေကြပါတယ်။

BG သွေးကူညီရေး နာမည်နဲ့ တိုက်ကြီးမြို့နယ်ထဲ ပရဟိတ အလုပ်တွေ လုပ် ဆောင်နေတဲ့ အဖွဲ့က ငွေသိန်း တရာ မတည်ပြီး ပိန္နဲပင်ဆိုတဲ့ ရွာမှာ မြေ ၃ ဧက ဝယ်ထားပါတယ်။

ဒီမြေနေရာမှာ မြေကွက်တွေရိုက် အိမ်တွေဆောက်ပြီး ခိုကိုးရာမဲ့ အိုးပိုင် အိမ်ပိုင် မရှိ ဖြစ်နေတဲ့ နိုင်ငံရေး အကျဉ်းသမားတွေ အတွက် နားခိုရာ ဖြစ်စေမယ်လို့ BG အဖွဲ့က ကိုသက်ဦးက ဘီဘီစီကို ပြောပါတယ်။

BGအဖွဲ့နဲ့အတူ နိုင်ငံရေး ပုဒ်မ ၅ ကို ညွှန်းဆို ခေါ်ဝေါ်တဲ့ 5J Club၊ အဖြူရောင် တွဲလက်များနဲ့ သာယာဝတီထောင်က နိုင်ကျဉ်းဟောင်း စောင့်ရှောက်ရေးအဖွဲ့ စတဲ့ အရပ်ဖက် အဖွဲ့တွေ စုပေါင်း ကြိုးစားခဲ့တာကနေ ခုလို မြေနေရာ ဝယ်နိုင်တဲ့ အဆင့်ထိ ရောက်လာခဲ့ပြီလို့ ဆိုပါတယ်။

နေစရာရပြီးသွားရင် အလုပ်အကိုင် ရလာဖို့ ကျန်းမာရေး စောင့်ရှောက်မှု ရှိဖို့တွေလည်း လိုအပ်တယ်လို့ ကိုသက်ဦးက ပြောပါတယ်။

၁၉၈၈ခုနှစ်က ရဲဝံ့တက်ကြွခဲ့ပြီး ထောင်ကျတန်းကျ ခံခဲ့ရသူတွေဟာ အခုဆို အသက် ၅ဝ တန်းထဲ ရောက်နေကျသလို ထောင်ဒဏ်ကြောင့် ကျန်းမာရေး ချို့ယွင်းသူ ချို့ယွင်း၊ ပညာရေး စတေးခဲ့ရလို့ အလုပ်အကိုင် အခွင့်အလမ်း ကလည်း နည်းပါး စတဲ့ အခက်အခဲ အမျိုးမျိုး ကြုံနေရတယ်လို့ လွှတ်တော်အမတ် ဦးလှဌေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ခိုကိုးရာမဲ့ နိုင်ကျဉ်းဟောင်းတွေအတွက် အိုးအိမ်နေရာဖန်တီးဖို့ ကြိုးစားနေ ခိုကိုးရာမဲ့ နိုင်ကျဉ်းဟောင်းတွေအတွက် အိုးအိမ်နေရာဖန်တီးဖို့ ကြိုးစားနေ Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.