မူးယစ်ဆေးရောင်းဝယ်သူတွေ သေဒဏ်ပေးဖို့ သမ္မတထရမ့်ပြော


မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေအတွက် ထိုက်တန်တာဟာ သေဒဏ်ပဲဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကပြောကြားလိုက်ပါတယ်။

မူးယစ်ဆေးသုံးစွဲမှု များပြားလာတဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ်မှာ သမ္မတထရမ့်ပ်က ခုလိုပြောခဲ့တာပါ။ ဆေးစွဲသူတွေကိုကုသပြီး ပြည်လည်ထူထောင်ရေးတွေလုပ်နေတဲ့တချိန်ထဲမှာ တဘက်ကလည်း ဆေးစွဲမှုနဲ့ပတ်သက်လို့ ပညာပေးတာတွေကို ကျယ်ကျယ်ပျံ့ပျံ့ဆောင်ရွက်ဖို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ သူ့စီမံကိန်းရဲ့အဓိကကျောရိုးကတော့ ဖမ်းမိတဲ့မူးယစ်မှောင်ခိုရာဇာတွေကို ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ဖြစ်ပါတယ်။ အဲဒီလို ပြင်းပြင်းထန်ထန်မကိုင်တွယ်ရင် သူတို့တွေကလည်း ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ဒီမူးယစ်ဆေးဝါးတိုက်ပွဲမှာ ကျနော်နိုင်ချင်ပါတယ်လို့ သမ္မတထရမ့်ပ် ကပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲမှာနေတဲ့သူတယောက်ဟာ နောက်ထပ်လူတယောက်ကို သေနတ်နဲ့ပစ်တဲ့အတွက် သေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရမယ်ဆိုရင် လူပေါင်းထောင်နဲ့ သောင်းနဲ့ချီပြီးတော့ သတ်နေတဲ့ မူးယစ်ရာဇာတွေကိုလည်း တူညီတဲ့ပြစ်ဒဏ်ပေးသင့်တယ်လို့ မစ္စတာထရမ့်က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မူးယစ်ဆေးရောင်းဝယ်သူတွေ သေဒဏ်ပေးဖို့ သမ္မတထရမ့်ပြော မူးယစ်ဆေးရောင်းဝယ်သူတွေ သေဒဏ်ပေးဖို့ သမ္မတထရမ့်ပြော Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.