လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း ကိုဝလုံး ပြော

ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ်/ Photo: Htet Arkar/ RFA
အကျဉ်းထောင်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက ကိုသက်ဦးမောင် ခေါ် ကိုဝလုံး က ဒီနေ့ ပြောပါတယ်။

ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီးနောက် ကိုဝလုံးက ပြောခဲ့တာဖြစ်ပါတယ်။

အသည်းရောဂါ လက္ခဏာ တွေ့ရှိနေတယ်ဆိုတဲ့ ကိုကျော်စိုးဦးဟာ လက်ရှိမှာ လုံလောက်တဲ့ ကျန်းမာစစ်ဆေးချက် မရသေးကြောင်း ပြောပါတယ်။

ဒီနေ့ ရုံးထုတ်မှာ တရားလိုပြ သက်သေ ၂ဦးကို စစ်ဆေးခဲ့ပြီး စုစုပေါင်း သက်သေ ၁၄ ဦးကို စစ်ဆေးပြီးဖြစ်ပါတယ်။

ရိုက်တာ သတင်းဌာနက ဖော်ပြပြီးဖြစ်တဲ့ အင်းဒင်ရွာမှာ မွတ်စလင် ၁၀ ဦး အသတ်ခံရတဲ့ ဆောင်းပါးကို သက်သေအဖြစ် တရားရုံးမှာ တင်ပြတာ ထပ်မံပယ်ချခံခဲ့ရပြီး သိပ္ပံကျွမ်းကျင်ပညာရှင်နဲ့ တင်ပြမှ ရုံးတော်မှာ လက်ခံမယ်လို့ ဆိုကြောင်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

ဒါ့အပြင် ရိုက်တာ သတင်းထောက် နှစ်ဦး အမှုနဲ့ ပတ်သက်ပြီး ကိုဝလုံးရဲ့ ညီဖြစ်သူ နေအိမ်ကို ရှာဖွေစဉ်က ဖမ်းဝရမ်းမပါဘဲ ၀င်ရောက်ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရုံးထုတ်အပြီးမှာ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

တရားရုံးချိန်းကို နိုင်ငံတကာ သံမတ်အချို့နဲ့ ဥရောပသမဂ္ဂ သံတမန်ပါ လာရောက်ခဲ့ပြီး ဥရောပသမဂ္ဂ သံတမန်က သူ့အနေနဲ့ တရားရုံးချိန်း အခြေအနေကို လာရောက်လေ့လာတာဖြစ်ကြောင်း ပြောပါတယ်။

ဒီကနေ့ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ပြည့်တဲ့နေ့ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း ကိုဝလုံး ပြော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း ကိုဝလုံး ပြော Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.