၂၆လမ်း ကျုံးရေပြင်အတွင်းမှ အမျိုးသားအလောင်းတစ်လောင်း ပေါ်


မတ်လ ၂၁ရက်နေ့ မွန်းလွဲ ၁၂း၁၅နာရီအချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၂၆လမ်း ၇၀×၇၁လမ်းကြားရှိ ကျုံးရေပြင်အတွင်း အမျိုးသားအလောင်းတစ်လောင်းပေါ်ခဲ့ကြောင်းသိရသည်။

အလောင်းပေါ်ရာသို့ အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်မျိုးညွန့်၊ တာဝန်မှူး ဒုရဲအုပ်နန်းသန်းသန်းဌေးနှင့် တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ သေဆုံးသူမှာ အာကာအောင် (၂၇)နှစ်၊ (ဘ)ဦးမြင့်အောင်၊ သီချင်းဆို၊ မြစပယ်လမ်းတောင်ပိုင်း၊ အမှတ်(၈)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့နေသူဖြစ်ကြောင်း သိရပြီး မတ်လ ၂၀ရက်နေ့ညပိုင်းက သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာဆောင်ဧည့်ခံပွဲမှ အပြန် ၂၆×၇၁လမ်းထောင့် ကျုံးဘေးအရောက်တွင် ကျုံးအတွင်းရေဆင်းကူးရာမှ ပြန်ပေါ်မလာ၍ ရှာဖွေခဲ့သော်လည်း မတွေ့ရှိရဘဲ ယခုမှ အလောင်းပြန်ပေါ်လာခြင်းဖြစ်ကြောင်း သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူမှ ပြောပြသိရှိရကြောင်း ရဲမှတ်တမ်းများအရသိရသည်။

သေဆုံးအလောင်းအား ဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ (PR-16)ဖြင့် လက်ခံထားရှိပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အမှတ်(၂)နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၈)ဖြင့်ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
၂၆လမ်း ကျုံးရေပြင်အတွင်းမှ အမျိုးသားအလောင်းတစ်လောင်း ပေါ် ၂၆လမ်း ကျုံးရေပြင်အတွင်းမှ အမျိုးသားအလောင်းတစ်လောင်း ပေါ် Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.