သန်လျင်၌ ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းသူ နှစ်ဦးသေဆုံး


ရန်ကုန် မတ် ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာအနီး မတ် ၁၈ ရက်၊ ညနေ ၆ နာရီအချိန်က ကားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွားရာ ဆိုက်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းသူတို့ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ် သန်လျင်-သုံးခွ လမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် 5M/--- TOYOTA CELFIOR အမျိုးအစား ငွေမှင်ရောင် ယာဉ်သည် သူဌေးကွင်းကျေးရွာအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်မောင်း ဦးခင်ထွန်း အသက် (၅၀) နှစ်၊ ပုလဲကျေးရွာ၊ သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ဆိုင်ကယ်အမှတ် ၅၀ယ/---- ဒိုင်ယန်း အနက်ရောင် ဆိုင်ကယ်အား ၀င်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ၀င်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်း ဦးခင်ထွန်းတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလာသူ ဒေါ်မြစန်း အသက် (၅၀) နှစ်၊ ပုလဲကျေးရွာ၊ သုံးခွမြို့နယ်နေသူတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကာ ယာဉ်အမှတ် 5M/--- ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားနှင့်ဆိုင်ကယ် တိုက်မှုအား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းသူ နှစ်ဦးသေဆုံး သန်လျင်၌ ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်မောင်းသူနှင့် လိုက်ပါစီးနင်းသူ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.