ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆိုင်ကယ်နှစ်စီးခေါင်းချင်းဆိုင်တိုက်ပြီး နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မတ် ၁၈ ရက်၊ ညပိုင်းက အရက်မူးပြီး မောင်းလာသော ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိရာ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဇင်းကျိုက် နယ်မြေ ရဲစခန်းမှ သိရှိရသည်။

"ဆိုင်ကယ်မောင်းလာတဲ့နှစ်ဖက်လုံးက အရက်သေစာသောက်စားလာကြတယ်။ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် မှာ တိုက်ကြတာ၊ ပြီးတော့ ဆိုင်ကယ်တစ်စီးကို (၃)ယောက်စီးလာကြတယ်။ ဖြစ်တဲ့နေရာမှာ (၂)ယောက်သေ တယ်။ (၄)ယောက်ကို ဆေးရုံပို့ထားတယ်။ အဲ့ထဲကတစ်ယောက်က ထပ်ပြီးအခြေအနေမကောင်းဘူး။''ဟု ဇင်းကျိုက်နယ်မြေ ရဲစခန်းမှ ရဲအုပ် ရဲလင်းနောင်က ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် (၁၆၅/၄)နှင့် (၁၆၅/၅)ကြားတွင် ပေါင်မြို့ဘက်မှ ဇင်းကျိုက်မြို့ ဘက်သို့ ပန်းကုန်းကျေးရွာနေ ဘာဘူ(၂၀)နှစ်မောင်းနှင်ပြီး အနောက်မှ ကနား(ခ)နိုင်စိုး(၂၁)နှစ်နှင့် မောင်လေး ကြီး(ခ)ဇော်မင်းထွေး(၂၁)နှစ်တို့လိုက်ပါလာသောဆိုင်ကယ်နှင့် ဇင်းကျိုက်မြို့ဘက်မှ ပေါင်မြို့ဘက်သို့ ဇင်း ကျိုက်မြို့၊ ဖလပ်ရပ်ကွက်နေ ချမ်းသာ(၂၄)နှစ်မောင်းနှင်ပြီး အနောက်မှ ရာဂျပါး(၁၈)နှစ်နှင့် အပါးလေး(၁၇)နှစ် တို့လိုက်ပါလာသောဆိုင်ကယ်များသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်တွင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဘာဘူနှင့် ချမ်းသာတို့ (၂)ဦးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်(၄)ဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းသူ ဘာဘူနှင့် ချမ်းသာတို့(၂)ဦးအား ပေါင်မြို့မ ရဲစခန်းက ယာဉ်(ပ)၂၂ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆိုင်ကယ်နှစ်စီးခေါင်းချင်းဆိုင်တိုက်ပြီး နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆိုင်ကယ်နှစ်စီးခေါင်းချင်းဆိုင်တိုက်ပြီး နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.