နတ်တလင်းမြို့နယ်တွင် မီးလောင်မှုဖြစ် လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး

မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး
နတ်တလင်း မတ် ၎

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် တာ ပွန်မြို့ မြောက်ပိုင်းရပ်ကွက် လယ် ပြင်လမ်းတွင် မတ်လ ၃ ရက်နေ့ ယမန်နေ့ည ၈နာရီခွဲ၌ ဦးစိုးနိုင်(၄၈နှစ်) နေအိမ်မီးဖို၏ မီးကြွင်းမီးကျန်မှစတင်လောင်ကျွမ်း ရာ လူနေအိမ် လေးပင်အိမ်သုံးလုံး နှင့် သုံးပင်အိမ်နှစ်လုံး စုစုပေါင်း နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးသွား ကြောင်း သိရသည်။

မီးလောင်ရာသို့ တာပွန်နယ် မြေမီးသတ်စခန်းမှဒုဦးစီးမှူး ဦးကို ကိုမောင်နှင့်သန္ဓေအရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ပတ်ဝန်းကျင်ပြည်သူ များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦး စီးမှူးဦးသက်ချိုဦးနှင့်သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိပြီး ဝိုင်းဝန်းငြှိမ်းသတ်ကြရာ ည ၉နာရီ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ရာသို့ မီးသတ်ကား ရှစ်စီးနှင့် အုပ်ချုပ်မှုယာဉ်နှစ်စီးဖြင့် ငြှိမ်းသတ်ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း ဦးစိုးနိုင် မှာ ခရီးသွားနေသဖြင့် အတူနေ ဖခင်ဦးကျော်ရှိန်(၇၉နှစ်)အား တာပွန်နယ်မြေရဲစခန်းမှ (ပ)၃၃/ ၂ဝ၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နတ်တလင်းမြို့နယ်တွင် မီးလောင်မှုဖြစ် လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး နတ်တလင်းမြို့နယ်တွင် မီးလောင်မှုဖြစ် လူနေအိမ်ငါးလုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.