ထမင်းအိုးတည်ပြီး အပြင်ထွက်သွားရာမှ မီးလောင်မှုဖြစ်ပွား


ဟင်္သာတ မတ် ၎

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယား ကျေးရွာအုပ်စု လိန်ကုန်းကျေးရွာ တွင် မတ်လ ၃ ရက်နေ့ ယမန်နေ့နံနက် ၇ နာရီ မိနစ် ၅ဝက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့နယ် ဒူးယားကျေးရွာအုပ်စု လိန်ကုန်း ကျေးရွာတွင် ယမန်နေ့က ဦးအောင် ကိုမင်းပိုင်ဆိုင်သည့် သွပ်မိုး၊ ထရံ ကာ၊ ဝါးခင်းဖြင့်ဆောက်လုပ်ထား သော သုံးပင်နှစ်ခန်းနေအိမ်၏ နောက်ဖေးမီးဖိုတွင် ထမင်းအိုး တည်ပြီး အပြင်သို့သွားရောက်စဉ် မီးဖိုမီးမှမီးအရှိန်များပြီး နေအိမ်အား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိ ရသည်။ ထိုမှတစ်ဆင့် နေအိမ်ကပ် လျက်နေထိုင်သော ၄င်းမိခင်ဖြစ်သူ နေအိမ်သို့ ဆက်လက်လောင်ကျွမ်း ခဲ့ပြီးနံနက် ၈ နာရီတွင် မီးညွှန့် ကျိုးသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွား ရာသို့ ခရိုင်မီးသတ်ဦးစီးမှူးဦးစိုး နောင်နှင့်တပ်ဖွဲ့ဝင်များ၊ ဒူးယား အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဒူးယား နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လင်း ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ဒူးယား တိုက် နယ်အုပ်ချုပ်ရေးမှူး ဦးသန်း ဦးစီးသော အင်အား၁ဝဦး၊ လိန် ကုန်းကျေးရွာမှ ရွာသူရွာသားများ စုပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ် တွင်လူနှင့်တိရစ္ဆာန်ထိခိုက်ပျက်စီး မှုမရှိကြောင်းနှင့် လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရ သည်။ ပျက်စီးမှုစုစုပေါင်းတန် ဖိုးမှာ ငွေကျပ်ငါးသိန်းလေးသောင်း ဖြစ်ကြောင်း သိရသည်။

ဧရာဟင်္သာ
The Union Daily
https://www.facebook.com/uniondaily.net
ထမင်းအိုးတည်ပြီး အပြင်ထွက်သွားရာမှ မီးလောင်မှုဖြစ်ပွား ထမင်းအိုးတည်ပြီး အပြင်ထွက်သွားရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.