ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် မီးလောင်မှုဖြစ် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး

ဘတ္ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား
ပဲခူး မတ် ၎

ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်၌ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ကင်းချောင်းကျေးရွာနေ ကျော်မျိုးဦး(၄၂)နှစ် ၏ နေအိမ်မှဆိုလာပြားဖြင့် ဘထ္ထရီအိုးအားမီးအားသွင်းခဲ့ပြီး အိမ်သားအားလုံး နာရေအိမ်သို့သွားရောက်နေရာ ဘထ္ကရီအိုး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ လက်ထောက် ဦးစီးမှူး ဦးကိုကိုဌေး နှင့်သန္ဓေတပ်ဖွဲ့ဝင် ၄ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁ဝ ဦး၊ မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက် မီးငြိမ်းသတ်ရာ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်ခြင်းကြောင့် သွပ်မိုး၊ ထရံကာ လေးပင်ပတ်လည်နေအိမ်တစ်လုံး၊ သွပ်မိုး၊ ပျဉ်ကာ လေးပင်ပတ်လည် နေအိမ်နှစ်လုံး စုစုပေါင်းနေအိမ် ၃ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ၍ ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် မီးလောင်မှုဖြစ် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး ပဲခူးမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် မီးလောင်မှုဖြစ် နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.