မိုးညှင်းမြို့ နယ် ဟိုပင်မြို့ တွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ မှ တပ်ကြပ်တဦး ဓားထိုးခံရ၍သေဆုံး


မိုးညှင်း မတ် ၂၃

ကချ င်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်မြို့တွင် နယ်မြေခံတပ်ရင်းမှ တပ်ကြပ်တဦး ခရီးသွား
ရန် ကားစောင့်နေစဉ် DT ဆိုင်ကယ်စီးသူတဦးနှင့် စကားများရာမှ ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

စုံစမ်းသိရှိရသည်မှာ မတ်လ(၂၁)ရက်နေ့ ည (၇)နာရီအချိ န်တွင် ဟိုပင်နယ်မြေရဲစခန်းမ၌ ရဲ
အုပ်ထိန်လင်းသည် စခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် ဟိုပင်ပြည်သူ့ ဆေးရုံ၌ ဓားထိုးခံရသူတဦးရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချ က်အရ အဆိုပါ ဓားထိုးခံရသူမှာ ခမရ(------)မှ တပ်ကြပ်တိုးလွင်(၄၅)နှစ်
ဖြစ်ပြီး ဝမ်းဗိုက်ဘယ်ဘက်တွင် (၄)လက်မခန့် ထိုးသွင်းဒဏ်ရာရရှိထားပြီး အူထွက်လျ က်တွေ့ ရှိရကာ အဆိုပါ တပ်ကြပ်တိုးလွင်သည် ခရီးသွားရန်အတွက် ဟိုပင်မြို့ မြို့ မတောင်ရပ်ကွက်အားကစားကွင်းအနီးတွင် ကားစောင့်နေစဉ် DT ဆိုင်ကယ်စီးလာသူတဦးနှင့် စကားများရာမှ တစ်ပေခန့် ရှိ ဓားမြှောင်ဖြင့် အထိုးခံရကြောင်း သိရှိရသည်။

ဟိုပင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသော တပ်ကြပ်တိုးလွင်သည် ည(၇)နာရီ(၁၅)မိနစ် အချိ န်တွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သဖြင့် ဗိုလ်ကြီးကျော်ဇင်ဝင်းမှ တရားလိုပြု လုပ်၍ ဟိုပင်နယ်မြေရဲစခန်းတွင် အမှု ဖွင့်လှစ်တိုင်ကြားခဲ့သည်။

ထို့ ကြောင့် ဟိုပင်နယ်မြေရဲစခန်းမှ (ပ)----/ ၂၀၁၈ရာဇသတ်ကြီးပုဒ်မ ------ ဖြင့် အမှု ရေးဖွင့်
ကာတရားခံအား အမြန်ဆုံး ဖေါ်ထုတ် ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေမှု များပြု လုပ်လျ က်ရှိကြောင်း သိရှိရပါသည်။

မင်္ဂလာဦး
မိုးညှင်းမြို့ နယ် ဟိုပင်မြို့ တွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ မှ တပ်ကြပ်တဦး ဓားထိုးခံရ၍သေဆုံး မိုးညှင်းမြို့ နယ် ဟိုပင်မြို့ တွင် နယ်မြေခံတပ်ရင်း တပ်ဖွဲ့ မှ တပ်ကြပ်တဦး ဓားထိုးခံရ၍သေဆုံး Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.