မောင်တောတစ်ဘက်ကမ်း ဘင်္ဂလာတက်ကနက်မြို့တွင် စိတ်ကြွဆေးပြား ၈သိန်းဖမ်းမိ


နိရဉ္စရာ၊ မတ် ၂၃

မောင်တောမြို့နှင့် မျက်နာချင်းဆိုင် နတ်မြစ်တစ်ဘက်ကမ်းတွင် တည်ရှိသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ တက်ကနက် (ကယုချောင်း) မြို့တွင် စိတ်ကြွဆေးပြား ၈သိန်းကို ယခု လ ၂၂ ရက်နေ့က ဖမ်းမိကြောင်း Cox’bazar News က သတင်း ဖော်ပြထားသည်။

၎င်းယာဘားဆေးပြားများကို ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့မှ တက်ကနက်မြို့ တောအုပ်တစ်ခု အတွင်းမှ ပိုင်ရှင်မဲ့ ဖမ်းမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းဆေးပြားများ၏ တန်ဖိုးမှာ ဘင်္ဂလာတာကာငွေ ကုဋေ (၂၀)ဖိုးခန်းရှိကြောင်း၊ ဖမ်းဆီးရမိပြီးနောက် တက်ကနက်ရဲစခန်းသို့ လွဲပြောင်းပေးလိုက်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောတစ်ဘက်ကမ်း ဘင်္ဂလာတက်ကနက်မြို့တွင် စိတ်ကြွဆေးပြား ၈သိန်းဖမ်းမိ မောင်တောတစ်ဘက်ကမ်း ဘင်္ဂလာတက်ကနက်မြို့တွင် စိတ်ကြွဆေးပြား ၈သိန်းဖမ်းမိ Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.