ပိုးသတ်​​ဆေးပက်​ဖျန်းရာမှ ​ဆေးရည်​ ​ဆေး​ငွေ့ ပါးစပ်​နှင့်​နှာ​ခေါင်းတွင်​ဝင်၍​ လူ​သေဆုံး

ပိုးသတ်ဆေး ဖျန်းနေပုံ - နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​မကျီးပင်​ပု​ကျေးရွာအုပ်​စု ကူတို​တောင်​​ကျေးရွာတွင်​ မတ်​လ ၂၂ ရက်​​နေ့လည်​ ၂း၃၀ အချိန်​ခန့်​တွင်​ ပိုးသတ်​​ဆေး ပက်​ဖျန်းရာမှ ​ဆေးရည်​နှင့်​ဆေး​ငွေ့ များ ပါးစပ်​နှင့်​ နှာ​ခေါင်းအတွင်း ဝင်​​ရောက်​၍ လူ​သေဆုံးမှု့ ဖြစ်​ခဲ့ ပါသည်​။

အခင်းဖြစ်​စဉ်​မှာ စလင်းမြို့ နယ်​ မကျီးပင်​ပု​ကျေးရွာအုပ်​စု ကူတို(​တောင်​) ​ကျေးရွာ ​နေ ဦး​သောင်းမြင့်​၏သမီး မနှင်းသီတာလှိုင်​ ၂၃နှစ်​ ​တောင်​သူလုပ်​ကိုင်​သူသည်​ နှမ်းခင်းအား ပိုးသတ်​​ဆေးပက်​ဖျန်းရာမှ ပိုးသတ်​​ဆေးရည်​နှင့် ဆေး​ငွေ့ များ ပါးစပ်​နှင့်​နှာ​ခေါင်းအတွင်း ဝင်​​ရောက်​၍ ​သေဆုံးသွား​ကြောင်း သတင်းရရှိ၍ ဒုရဲမှူးသန်း​ဇော်​ နှင့်​အဖွဲ့ က သက်​​သေများနှင့်​အတူ သွား​ရောက်​စစ်​​ဆေးခဲ့သည်​ ​သေဆုံးသူ မနှင်းသီတာလှိုင်​သည်​ နံနက်​ ၇း၃၀. အချိန်​ခန့်တွင်​ ကျစ်​ကန်​ကွင်းရှိလည်း​ကောင်းမိဘများပိုင်​ဆိုင်​​သော နှမ်းခင်းအား ပိုးသတ်​​ဆေးရည်​ပက်​ဖျန်းရန်​ ​နေအိမ်​မှ ဆိုင်​ကယ်​ဖြင့်​ တစ်​ဦးတည်းသွား​ရောက်​ခဲ့ သည်​။

 ၁၀း၃၀ အချိန်​ခန့်​တွင်​ ​နေအိမ်​သို့ပြန်​လည်​​ရောက်​ရှိပြီး ​နေ့လည်​စာထမင်းစား​သောက်​ပြီး မိခင်​ဖြစ်​သူ ​ဒေါ်ခင်​စန်း​ဝေ အား​ခေါင်းမူး၍ အိမ်​​ပေါ်တက်​ခဏ လှဲဦးမည်​ဟု​ပြောကြားကာ အိမ်​​ပေါ်တက်​၍အိပ်​​နေခဲ့ရာ နာရီဝက်​ခန့်အကြာ မိခင်​ဖြစ်​သူက ​နေအိမ်​​ပေါ်မှ အန်​ သံကြား၍ တက်​ကြည့်​ရာ သမီးဖြစ်​သူ မနှင်းသီတာလှိုင်​သည်​​လေများပျို့ အန်​၍​ခြေလက်​များ အ​ကြောတက်​သကဲ့သိုဖြစ်​​နေသည်​ကို​တွေ့ ရသဖြင့် အိမ်​နီးနားခြင်းများကို​ခေါ်၍ ဝိုင်းဝန်းနှိပ်​နယ်​မှု့ ပြုစဉ်​ မနှင်းသီတာလှိုင်​၏ ပါးစပ်​မှပိုးသတ်​​ဆေးအနံ့ ရရှိသဖြင့် ည​နေ ၄ နာရီအချိန်​ခန့်​တွင်​ စလင်း​ဆေးရုံသို့ တင်​ပို့​ပေးခဲ့ ရာ ​ဆေးရုံ​ရောက်​ပြီး မကြာမီ မနှင်းသီတာလှိုင်​မှာ ​သေဆုံးသွားခဲ့​ကြောင်း စစ်​​ဆေး​တွေ့ရှိသဖြင့် စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။

စစ်​ကြည်​(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပိုးသတ်​​ဆေးပက်​ဖျန်းရာမှ ​ဆေးရည်​ ​ဆေး​ငွေ့ ပါးစပ်​နှင့်​နှာ​ခေါင်းတွင်​ဝင်၍​ လူ​သေဆုံး ပိုးသတ်​​ဆေးပက်​ဖျန်းရာမှ ​ဆေးရည်​ ​ဆေး​ငွေ့ ပါးစပ်​နှင့်​နှာ​ခေါင်းတွင်​ဝင်၍​ လူ​သေဆုံး Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.