သံမဏိနဲ့ အလူမီနီယံ အခွန်ငွေတိုးဖို့ သမတ ထရမ့် ကြေညာ

သံမဏိနဲ့ အလူမီနီယံ အခွန်ငွေတိုးဖို့ သမတ ထရမ့် ကြေညာ
သမတ ထရမ့်က အမေရိကန်ပြည်ထောင်စုကို ပြည်ပနိုင်ငံတွေက တင်ပို့်ရောင်းချတဲ့ သံမဏိနဲ့ အလူမီနီယံ သတ္တုတွေ အပေါ် အခွန်ငွေ ပိုမိုကောက်ခံမှာဖြစ်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ အခု ပြဌာန်းမယ့် ကုန်သွယ်ခွန်နှုံးထားသစ်အရ သံမဏိပစ္စည်းတွေအပေါ်၂၅% နဲ့ အလူမီနီယံပစ္စည်းတွေအပေါ် ၁ဝ% ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကြောင့် အမေရိကန်ပြည်တွင်းစက်မှုလုပ်ငန်းတွေ ပြန်လည်ရှင်သန်ရေးအတွက် အကျိုးရှိမှာဖြစ်ပေမယ့် အဲဒီသတ္ထုတွေကို အဓိကတင်သွင်းနေတဲ့ တရုတ် နဲ့ ဥရောပနိုင်ငံတွေကို ကုန်သွယ် စစ်ခင်းရာ ကျလိမ့်မယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

သမတ ထရမ့်က အခုလို အခွန်ငွေပိုမိုကောက်ခံမှာဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် အချိန်ပိုင်းအတွင်းမှာပဲ ဥရောပ ကော်မရှင် မင်းကြီး Jean- Claude Juncker ယွန်ကလော့ ယွန်းကား က အမေရိကန်သမတရဲ့ ဆောင်ရွက်ချက်ကို တုံ့ပြန်အရေးယူဖို့အတွက် မကြာခင်ရက်ပိုင်းအတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တင်ပြမယ်လို့ ပြောပါတယ်။

ဥရောပအဖွဲ့နည်းတူ ကနေဒါနိုင်ငံခြားရေးဝန်ကြီး Freeland ကလည်း မိမိတို့ ကုန်သွယ်ကဏ္ဍ အကျိုးစီးပွါးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ဆုံးဖြတ်ချက်ကို လိုအပ်သလို တုံ့ပြန်အရေးယူမယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သံမဏိနဲ့ အလူမီနီယံ အခွန်ငွေတိုးဖို့ သမတ ထရမ့် ကြေညာ သံမဏိနဲ့ အလူမီနီယံ အခွန်ငွေတိုးဖို့ သမတ ထရမ့် ကြေညာ Reviewed by THITHTOOLWIN on 07:24 Rating: 5
Powered by Blogger.