မြောက်ကိုရီးယားကို ကိုယ်စားလှယ်လွှတ်မယ်လို့ မွန်းဂျေးအင် ပြောကြား


မြောက်ကိုရီးယားနိုင်ငံကို အထူးကိုယ်စားလှယ်တဦးစေလွှတ်ဖို့စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတ Moon Jae-in ကမနေ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ ဆောင်းအိုလံပစ်က စလိုက်တဲ့ ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုလျော့ပါးရေး နောက်ဆုံးဖြစ်ရပ်လို့ အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။

ဆောင်းအိုလံပစ်ပွဲတော်ဖွင့်ပွဲမှာ ပြန်လည်ပေါင်းစည်းရေး အလံနောက်ကနေ ကိုရီးယားနှစ်နိုင်ငံက အားကစားသမားတွေ ချီတက်ကြပြီး တောင်ကိုရီးယား သမ္မတက မြောက်ကိုရိးယားခေါင်းဆောင် ကင် Jong Un ရဲ့ ညီမ Kim Yo Jong ကို လက်ဆွဲနုတ်ဆက်ခဲ့ပါတယ်။

မြောက်ကိုရီးယားက အထူး သံတမန် Kim Yo Jong တောင်ကိုရီးယားကို လာရောက်တာကို တုံ့ပြန်တဲ့အနေနဲ့ မကြာခင်မှာ မြောက်ကိုရီးယားကို အထူးကိုယ်စားလှယ်စေလွှတ်ဖို့ စီစဉ်တဲ့အကြောင်း Moon Jae-in အမေရိကန်သမ္မတကို အသိပေးတဲ့အကြောင်း သမ္မတနှစ်ယောက် တယ်လီဖုန်းနဲ့ စကားပြောပြီးတဲ့နောက် တောင်ကိုရီးယား သမ္မတရုံးကထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ကိုးရီးယားနိုင်ငံချင်း ဆွေးနွေးနိုင်တဲ့အဆင့်ကို ထိန်းထားဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖြုတ်သိမ်းတဲ့ အဆင့်ထိရောက်အောင်ဆက်လက်ကြိုးပမ်းဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် သမ္မတတို့ သဘောတူကြတယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြောက်ကိုရီးယားကို ကိုယ်စားလှယ်လွှတ်မယ်လို့ မွန်းဂျေးအင် ပြောကြား မြောက်ကိုရီးယားကို ကိုယ်စားလှယ်လွှတ်မယ်လို့ မွန်းဂျေးအင် ပြောကြား Reviewed by THITHTOOLWIN on 07:25 Rating: 5
Powered by Blogger.