တနိုင်းမြို့နယ် တရုံကျေးရွာဒေသခံ (၂၀)ကျော် ကေအိုင်အေမှ တပ်သားအဖြစ်ခေါ်ဆောင်သွား


တနိုင်း မတ် ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာ ဒေသခံ(၂၀)ဦးကျော်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အေမှ တပ်သားအဖြစ်ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။

မတ် ၄ ရက် နံနက်အစောပိုင်းက တရုံကျေးရွာ၊ ကချင်စုရပ်ကွက်ရှိ ဒေသခံ (၂၁)ဦးကို ခေါ်ဆောင်သွားပြီး ၎င်းတို့ထဲမှ မိဘခန့် လုပ်အားပေးကျောင်း ဆရာ(၁)ဦးနှင့် ရပ်ကွက်ဆယ်အိမ်မှူး(၂)ဦးပါရှိကြောင်း တရုံကျေးရွာ ဒေသခံ တစ်ဦးကပြောသည်။

အဆိုပါဒေသခံများသည် ကချင်လူမျိုးများဖြစ်၍ အများစုမှာ အသက် (၂၀)ဝန်းကျင်လူငယ်များဖြစ်ပြီး မတ် ၃ ရက် ည ၁၂ နာရီနောက်ပိုင်း နေအိမ်အတွင်းဝင်ရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတနိုင်းဒေသတွင် ကေအိုင်အေ ရင်း ၁၄ မှ လှုပ်ရှားနေပြီး တပ်မတော်နှင့် ထိပ်တိုက် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

EPN
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တနိုင်းမြို့နယ် တရုံကျေးရွာဒေသခံ (၂၀)ကျော် ကေအိုင်အေမှ တပ်သားအဖြစ်ခေါ်ဆောင်သွား တနိုင်းမြို့နယ် တရုံကျေးရွာဒေသခံ (၂၀)ကျော် ကေအိုင်အေမှ တပ်သားအဖြစ်ခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.