ဗန်းမောက်မြို့နယ် ချောင်းကြီးချောင်းကူးတံတားပေါ် ဘက်ဟိုး(အသေး)တင်ဆောင် (၁၀)ဘီး တစ်စီး ဖြတ်၍ ကျိုးကျပျက်စီး


စစ်ကိုင်းတိုင်း​ဒေသကြီး ကသာခရိုင် ဗန်မောက်မြို့နယ် သရက်ကုန်းကူးဆိပ် မံအင်​မင်းကုန်းအုပ်​စု မံအင်​နားနန့်​ထွန်​အုပ်​စု​များရှိ ကျေးရွာသူ​ကျေးရွာသားများနှင့်​ လုပ်​ငန်းရှင်​များစု​ပေါင်း​အားဖြင့် ဆောက်​လုပ်​ထားရှိ ကိုယ်ထူကိုယ်ထ တံတား​ ၄.၃.၂၀၁၈ ရက်နေ့ ညနေ့ ၅း၃၀ အချိန်ခန့် ဒေသဖွံ့ဖြိုးရေးအသုံးပြု ဘက်ဟိုးယာဉ် (အသေး)တင်ဆောင် (၁၀)ဘီးတစ်စီးဖြတ်သန်း၍ တံတားကျိုးကျခြင်း ဖြစ်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် အရှေ့ကုန်းနှင့်သရက်ကုန်းပေါင်းစပ် ကူးသန်းနေ ရသော ချောင်းကြီးချောင်း
တွင် အရှည် ၂၄၀ ပေ အကျယ် ၁၅ ပေရှိ ကွန်ကရစ်တိုင် သံဘောင် ကြမ်းခင်းသစ်သားတံတား
ပေါ် ဟုမ္မလင်းမြို့နယ် လမ်းတံတားအသုံးပြုနိုင်ရေး မြောင်းတူးဘက်ဟိုးယာဉ်ငယ် တစ်စီးတင်
ဆောင်ထားသည့် (၁၀)ဘီးယာဉ်တစ်စီးအားဖြတ်သန်းစဉ် တံတားအလယ်တွင် ယာဉ်တန်
တံတားခံနိုင်ဝန် မရှိ၍ ကျိုးကျပျက်စီးခဲ့ပြီး ယာဉ်နှင့် ယာဉ်ပေါ်ပါ လူ ၇ ဦးထိခိုက်တစ်စုံတရာ မရှိ
လျှင်မြန်စွာသွားလာနိုင်ရေးဆောင်ရွက်နေ ကြောင်းသိရသည်။


အဆိုပါတံတားသည် စစ်ကိုင်းတိုင်း​ဒေသကြီး ကသာခရိုင် ဗန်မောက်မြို့နယ် သရက်ကုန်း
ကူးဆိပ် မံအင်​မင်းကုန်းအုပ်​စု မံအင်​နားနန့်​ထွန်​အုပ်​စု​များရှိ ကျေးရွာသူ​ကျေးရွာသားများနှင့်​ လုပ်​ငန်းရှင်​များစု​ပေါင်း​အားဖြင့် ခရိုင်ဆက် ဗန်းမောက်မြို့နှင့် ဟုမ္မလင်းဘက်သို့ မိုးရာသီကာလ ရေများချိန် သွားလားမှု အဆင်ပြေစေရန် နှင့် လေလံစနစ်ဖြင့် လုပ်ငန်းရှင်များကိုနေစဉ်ပေးပြီးသွားနေရသော အခက်အခဲ့အား ပြေလည်စေရန် ဒေသပြည်သူများဖြင့် ပူးပေါင်း၍ ကိုယ်ထူကိုယ်ထ ကျပ်သိန်းပေါင်း (၂၀၀၀)ကျော်ခန့် ကုန်ကျခံ တည်ဆောက်ထားရှိသော တံတားဖြစ်ကြောင်းလည်း မံအင်ကျေးရွာဒေသခံတစ်ဦးမှ ပြောပြပေးခဲ့သည်။

ငွေအိုး (ကသာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဗန်းမောက်မြို့နယ် ချောင်းကြီးချောင်းကူးတံတားပေါ် ဘက်ဟိုး(အသေး)တင်ဆောင် (၁၀)ဘီး တစ်စီး ဖြတ်၍ ကျိုးကျပျက်စီး ဗန်းမောက်မြို့နယ် ချောင်းကြီးချောင်းကူးတံတားပေါ် ဘက်ဟိုး(အသေး)တင်ဆောင် (၁၀)ဘီး  တစ်စီး ဖြတ်၍ ကျိုးကျပျက်စီး Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.