မြ၀တီမြို့၌ မီးသွေးအိတ်ဝယ်ယူရာမှ မီးမငြိမ်းသေးသည့် မီးသွေးခဲပါလာပြီး မီးလောင်မှုဖြစ်ပွား


မြ၀တီ မတ် ၁၈

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ရှိဦးမြင့်အောင်၏ နေအိမ်ခြံဝင်းအတွင်း တွင် အိမ်သုံးရန်မီးသွေးအိတ် ၀ယ်ယူရာမှမီးမငြိမ်းသေးသည့် မီးသွေးခဲပါလာပြီးမီးသွေးလှောင်ဂိုဒေါင် ၁ လုံးမီးလောင်မှု ယနေ့ မတ်လ ၁၈ ရက်၊ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခေတ္တမြို့မရဲခန်းမှူး ရဲအုပ် ၀င်းကြိုင်၊ နယ်ထိန်းရဲအုပ် အောင်ချမ်းမွန်၊ ရဲတပ်ကြပ် တင်နိုင်ဝင်း၊ ရဲဒုတပ်ကြပ် ဇော်ဇော်ထွန်း၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ အရန်မီးသတ် ဒုတပ်ခွဲမှူး ဦးအောင်စိုး နှင့်အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့သည်။


ဖြစ်စဉ်မှာအဆိုပါ ခြံရှင် ဦးမြင့်အောင်မှ မတ်လ ၁၇ ရက်နေ့ကအိမ်သုံးရန် မီးသွေး ၁၅ အိတ်ဝယ်ယူခဲ့ပြီးအိမ်အနောက် မီးသွေးလှောင်ဂိုဒေါင်အတွင်း သိုလှောင်ထားခဲ့ရာမီးသွေးအိတ်အတွင်းမီးမငြိမ်းသေးသည့် မီးသွေးခဲပါလာရာ မှ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်းစစ်ဆေးချက်များအရသိရသည်။

သို့ဖြစ်၍ မီးသွေးဂိုဒေါင်အတွင်းမီးသွေးများအားပေါ့ဆစွာထည့်ခြင်းကြောင့် မီးလောင်ကျွမ်းစေခဲ့သူဦးမြင့်အောင် (၆၀နှစ်)အား မြ၀တီမြို့မရဲစခန်းမှ (ပ)၂၀၄/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြ၀တီမြို့၌ မီးသွေးအိတ်ဝယ်ယူရာမှ မီးမငြိမ်းသေးသည့် မီးသွေးခဲပါလာပြီး မီးလောင်မှုဖြစ်ပွား မြ၀တီမြို့၌ မီးသွေးအိတ်ဝယ်ယူရာမှ မီးမငြိမ်းသေးသည့် မီးသွေးခဲပါလာပြီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.