ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာပိုင် ရေသန့်စက်ရုံနှင့် နေအိမ်သွပ်ပြားများ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား
ဖားကန့် မတ် ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် မတ်၁၇ရက် ည၉နာရီက ရုတ်တရက် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာပိုင် ရေသန့်စက်ရုံနှင့် နေအိမ်အချို့မှ သွပ်ပြားများ လေတိုက် ခတ်မှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်အတွင်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ မှော်ဝမ်းရပ်ကွက် မှော်ဝမ်းကြီး ကျေးရွာရှိ အလျား ၁၂ ပေအနံ ၉ ပေ သွပ်မိုးသွပ်ကာ အဆောက် အအုံအဖြစ် တည်ဆောက်ထားသော ကျေးရွာပိုင် ရေသန့်စက်ရုံ၏ သွပ်အချပ် ၂၀ ခန့် ပျက်စီးခဲ့ပြီး ဦးမီထွယ်နော်အောင်၏ နေအိမ်သွပ်ပြား ၃ ချပ်၊ ဦးဂမ်အောင်၏ နေအိမ်သွပ်ပြား ၃ ချပ် ဦးအင်ပေါ့ဂျာနော်၏ နေအိမ်မှ သွပ်အချပ် ၃၀ လေတိုက်ခတ်မှုဒါဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ထောက်ပံ့လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွား ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.