ဇလုံတောင်မှ ဆိုင်ကယ်ဖြင့်ဆင်းလာသူ အမျိုးသားတစ်ဦး ချောက်ထဲကျ၍ သေဆုံး


ဗန်းမောက် မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် မတ်၁၁ မွန်းလွဲ၂နာရီခန့်က ဇလုံတောင်မှ ဆိုင်ကယ်ဖြင့် ဆင်းလာသူ အမျိုးသားတစ်ဦး ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ ချောက်ထဲသို့ထိုးကျ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဗန်းမောက်မြို့နယ် ဇလုံတောင်အဆင်းလမ်းမှ FENGCI-125 အမျိုးအစား မော်တော်ဆိုင်ကယ်ဖြင့်ဆင်းလာသူ အသက်(၂၅)နှစ်ခန့် အမျိုးသားတစ်ဦး ဇလုံတောင်အဆင်း မိုင်တိုင်အမှတ် ၁၃/၅ မိုင် ညောင်ပင်အဆင်းတွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ လမ်း၏ ဝဲဘက်ချောက်အတွင်းသို့ ထိုးကျကာသေဆုံးနေသည့် သတင်းကြောင့် ဗန်းမောက်မြို့မရဲစခန်းမှ ရဲအုပ်အေးမြင့်၊မြင့်မြတ်လူမှုကူညီရေး အသင်း၊ငြိမ်းချမ်းမြေ့လူမှုကူညီရေးအသင်းဝင်များ အပါအဝင် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုရာ ချောက်အနက် ပေ၂၀ခန့်တွင် ဆိုင်ကယ်မှာ ကြေမွပျက်စီးနေသည်ကို တွေ့ရှိရပြီး အနက်ပေ ၁၀၀ခန့်တွင် လုံးပတ် ၁ ပေ ပတ်လည်ခန့်ရှိ သစ်တုံးဘေး၌ ဦးခေါင်းတွင် ဒါဏ်ရာရရှိ သေဆုံးနေသည်ကို တွေ့ရှိရ၍ ဗန်းမောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကာ သေဆုံးသူအား မည်သူမည်ဝါဖြစ်ကြောင်း မတ်၁၂ရက်ထိ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြာင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဇလုံတောင်မှ ဆိုင်ကယ်ဖြင့်ဆင်းလာသူ အမျိုးသားတစ်ဦး ချောက်ထဲကျ၍ သေဆုံး ဇလုံတောင်မှ ဆိုင်ကယ်ဖြင့်ဆင်းလာသူ အမျိုးသားတစ်ဦး ချောက်ထဲကျ၍ သေဆုံး Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.