ခဲအိုမှ အသက်(၁၁)နှစ်အရွယ် ခယ်မဖြစ်သူကို သားမယားအဖြစ်ပြုကျင့်၍ အရေးယူထား



နေပြည်တော်၊ မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ××× ကျေးရွာတွင် ခဲအိုမှ အသက်(၁၁)နှစ်အရွယ် ခယ်မအား သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် ဒေါ်×××(၅၀)နှစ် သည် နေအိမ်၌ ရှိနေစဉ် သမီးငယ်ဖြစ်သူ မ×××(၁၁)နှစ်မှာ အပြင်မှ ပြန်လာသည်ကိုတွေ့ရ၍ မေးမြန်းခဲ့ရာ သမီးကြီးဖြစ်သူ မ×××(၂၂)နှစ်၏ ခင်ပွန်းဖြစ်သူ အေးမြင့်ဦး(ခ)ကိုသြ(၂၂)နှစ်မှ ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မ××× အား ရွာအရှေ့ဘက် သောက်ရေတွင်းသို့ ရေခပ်ရန်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာရှိ ဝါးခြံတစ်ခြံအတွင်း ထပ်မံခေါ်ဆောင်သွားခဲ့ပြီး သားမယား အဖြစ်(၂)ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိရသဖြင့် အရေးယူ ပေးရန်တိုင်တန်းချက်အရ အေးမြင့်ဦး(ခ)ကိုသြ အား ကျိုက်ထော်နယ်မြေရဲစခန်း (ပ)၁၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေး ယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ခဲအိုမှ အသက်(၁၁)နှစ်အရွယ် ခယ်မဖြစ်သူကို သားမယားအဖြစ်ပြုကျင့်၍ အရေးယူထား ခဲအိုမှ အသက်(၁၁)နှစ်အရွယ် ခယ်မဖြစ်သူကို သားမယားအဖြစ်ပြုကျင့်၍ အရေးယူထား Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.