ကရင် ပါတီ ခေါင်းဆောင်တွေ ရွေးချယ်

ဘားအံမြို့ Peace hotel မှာ ကရင်နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပခဲ့စဉ်/ Photo: Kyaw Lwin Oo/RFA
ကရင်ပြည်နယ် အခြေစိုက် ကရင် နိုင်ငံရေးပါတီ လေးခု ပူးပေါင်းဖွဲ့စည်းထားတဲ့ ကရင် အမျိုးသား ဒီမိုကရက်တစ် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်တစ်မျိုးသားလုံး ဆန္ဒအရ တစ်ပါတီဖြစ်မြောက်စေလိုတဲ့ ဆန္ဒအရ ပေါင်းလိုက်တဲ့ ပါတီရဲ့ အလုပ်အမှုဆောင်တွေကို ရွေးချယ်လိုက်တာလို့ ပါတီဥက္ကဌအဖြစ် ရွေးချယ်ခံရတဲ့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့မှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နေရာတွေဖြစ်တဲ့ ဥက္ကဌ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင် စတဲ့ ခေါင်းဆောင် ၃၂ ယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ် အခြေစိုက် ကရင်နိုင်ငံရေးပါတီ ၃ ပါတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက  ဖျက်သိမ်းလိုက်ပြီး ပါတီသစ် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ အဲဒီပါတီသစ်မှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ပါတီဝင်တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကရင် နိုင်ငံရေးပါတီ ၅ ခုဟာ ကရင် နိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်ရေးကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက ၇ ကြိမ် ဆွေးနွေးခဲ့တာဖြစ်ပြီး ပါတီ ပေါင်းစည်းရေး သဘောတူပြီး ပါတီအမှတ်တံဆိပ်နဲ့ နာမည်တွေ ဆွေးနွေးချိန်မှာ ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီဟာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ မန်းအောင်ပြည်စိုး က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကရင် ပါတီ ခေါင်းဆောင်တွေ ရွေးချယ် ကရင် ပါတီ ခေါင်းဆောင်တွေ ရွေးချယ် Reviewed by THITHTOOLWIN on 18:17 Rating: 5
Powered by Blogger.